1. Home
  2. Movie Stars - Celebrity

တရုတ်မှာ အောင်မြင်မှု ရရှိနေတဲ့ “Bounty Hunters”

Movie Stars - Celebrity ก.ค. 07, 2559 view 1,683

Lee Min Ho အဓိကပါဝင်ထားတဲ့ အက်ရှင်ဟာသဇာတ်ကား “Bounty Hunters” သည် တရုတ်နိုင်ငံတွင် ဇူလိုင် ၁ ရက်က ထုတ်လွှင့်ပြ သခဲ့ရာ ယွမ်ငွေ သန်း ၅၀ ခန့်( အမေရိကန်ဒေါ်လာ ၇၅၈၀၀၀) ရရှိခဲ့ကြောင်း Starhaus အင်တာတိန်း မန့် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ပြောကြားသည်။

“Bounty Hunter” ဇာတ်ကားကို ရုပ်ရှင်ရုံပေါင်း ၅၂၀၀၀ တွင် ဖွင့်လှစ်ပြသခဲ့ရာ ရုံတင်ပြငွေ ဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်လျက်ရှိသည်။ “Bounty Hunter” ဇာတ်ကားသည် ဟိုတယ်ဖောက်ခွဲရေးသမားကို ပူးပေါင်းရှာဖွေသည့် ကြေးစားထောက်လှမ်းရေးသမား ငါးဦးအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

 တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့ အပါအ၀င် အာရှနိုင်ငံ လေးနိုင်ငံတွင် ရိုက်ကူးခဲ့တာဖြစ်ပြီး Lee Min Ho ဟာ ကိုယ်ခံပညာရပ်ကို ထူးချွန်သူ ယီဆန်အဖြစ် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်ခဲ့ပြီး “City Hunter” နှင့် “Gangnam Blues” ဇာတ်ကားများမှာ အတိုက်အခိုက်ကောင်းတာကြောင့် “Bounty Hunters” တွင် ပါဝင်ခဲ့ခြင်း ဖြစ်တယ်လို့ Star News က လဲ ပြောကြားခဲ့ သည်။

“Bounty Hunters” ကို တရုတ်နှင့် ဟောင်ကောင်ထုတ်လုပ်ရေး ကုမ္ပဏီများက ပူးတွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ Shin Terra က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Credit: Mizzima



Follow us on