1. Home
  2. Special or Others

ဂရင်းနစ် စံချိန်ဝင် ကမ္ဘာ့အသေးဆုံးခွေးကလေး

Special or Others ก.ค. 07, 2559 view 1,823

ဆမ်လာ က ယောကျားဖြစ်သူ ဒါဗီယာ ကိုကလေးမရှိတာကြောင့် မီလ်လီ ကိုကလေးတစ်ယောက်လိုဂရုစိုက် ဖို့တိုက်တွန်းလာခဲ့ပါတယ်။ မီလ်လီဆိုတာကတော့ ၉ ဒဿမ ၆၅ စင်တီမီတာ (၃ဒဿမ၈ လက်မ)သာရှိတဲ့ ခွေးကလေးပါပဲ။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာမွေးဖွားခဲ့ပြီး နာမည်အပြည့်အစုံကတော့ မီရစ်ကယ် မီ လ်လီဖြစ်ပါတယ်။ ခွေးမလေးဖြစ်တဲ့အတွက် ဆမ်လာနဲ့ ဒါဗီယာတို့ကအတော်လေးအချစ်ပိုခဲ့ရပါတယ်လို့ ဆမ် လာကဆိုပါတယ်။ ဂရင်းနစ်စံချိန်ကိုတော့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ မီလ်လီရဲ့ အရပ်နဲ့ အလေး ချိန်တွေကိုတိုင်းတာပြီး ကမ္ဘာ့အသေးဆုံးခွေးကလေးအဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

ဂရင်းနစ်စံချိန်ရရှိတုန်းက မီလ်လီရဲ့ အသက် ၁နှစ်ကျော်ကျော်သာရှိပါသေးတယ်။ မီလ်လီဟာ ၄.၂ လက်မအ ရွယ်သာ ရှိတဲ့ ဘူးဘူး လို့နာမည်မှဲ့ထားတဲ့အမွှေးရှည်ခွေးကလေးရဲ့စံချိန်ကို ချိုးခဲ့ခြင်းဖြစ်ပါတယ်။ မီလ်လီရဲ့ အလေးချိန် ၁ ပေါင် (၀ဒဿမ၅ ကီလိုဂရမ်) သာရှိသော်လည်း ကျန်းမာရေးမကောင်းတဲ့ ခွေးကလေးမဟုတ် ပါဘူး။ အတော်လေးသွက်တဲ့ခွေးလေးတစ်ကောင်ဖြစ်ပြီး အကင်းလည်းအတော်ပါးတဲ့ခွေးကလေးပါ။ ကလေးမ ရှိတဲ့ ဆမ်လာ တို့ဇနီးမောင်နှံကတော့ ကလေးတစ်ယောက်ကောက်ရလိုက်သလိုကံကောင်းခဲ့တာပါ။

Ref: Guinness World Records https://m.facebook.com/story.php…

Credit : mayoneyinponepyinmat/



Follow us on