1. Home
  2. Myanmar News

“ကူညီပါရစေ” Call Center ဖွင့်၍ စတင်ဆောင်ရွက်ပေးနေပြီ

Myanmar News ก.ค. 07, 2559 view 1,768

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ သတင်းအချက်အလက် များ ပေးပို့တိုင်ကြားနိုင်ရန်နှင့် အကူအညီ များတောင်းခံနိုင်ရန် Call Center ဖွင့်လှစ်၍ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် အရေးပေါ်ဆက်သွယ်မှု "199" ဖုန်း ခြောက်လုံးကို လွယ်ကူလျင်မြန်စွာ ခေါ်ဆိုနိုင်ရန်အတွက် Call Center အဖြစ် ဖွင့်လှစ်၍ နေ့၊ ည တာဝန်ကျ အဆိုင်းများဖြင့် ရဲတပ်ဖွဲ့ဝင်များက ဇူလိုင် ၄ ရက်မှစတင်ကာ ကူညီ ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။

ကွပ်ကဲရေးရုံးမှ လက်ခံရရှိသော "199" Call Complain များကို အချိန်နှင့် တစ်ပြေးညီ လှည့်ကင်းယာဉ် ၄၇ စီးသို့ ဆက်သွယ်ရေးကွန်ရက် စနစ်ဖြင့် အခင်းဖြစ်ရပ်သို့ အမြန်ဆုံး ရောက်ရှိအောင် ဆောင်ရွက်ပေး လျက်ရှိပြီး သတင်းပေး တိုင်ကြားမှုများ ပြုလုပ်ရာတွင် တိုင်ကြားသူ၏ အမည် နှင့် ဖုန်းနံပါတ်များကို Call Center အနေဖြင့် မပေါက်ကြားအောင် ထိန်းသိမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်ဖုန်း "199" သို့ ဆက်သွယ် ခေါ်ဆိုရာတွင် အချိန်ကြန့်ကြာမှု များဖြစ်ပေါ်နေပါက အရေးပေါ် ဖုန်း ဝ၁-၂၃၂၃၁၉၉ သို့ ဆက် သွယ်နိုင်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စက်မှုပိုင်းဆိုင်ရာ ကန့်သတ်ချက်အနေဖြင့် CDMA 450, CDMA 800 မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်များ၌ Location Base Routing စနစ်မပါရှိ၍ ယင်းဖုန်းများ၏ ဒဒ၁၉၉ဒဒ ခေါ်ဆိုမှုသည် ယင်း၏ပင်မအိတ်ချိန်းရှိရာ မြို့နယ်၏မြို့မရဲစခန်းရှိ"199" သို့သာ ရောက် ရှိသွားမည်ဖြစ်ပြီး CDMA 450, CDMA 800 ဖုန်းများနှင့် ဝ၁-၂၃၂၃၁၉၉ နံပါတ်နှိပ်၍ ခေါ်ဆိုမှသာ "199"ကွပ်ကဲမှုရုံးခန်းသို့ ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကဲ့သို့ "199" Call များ ကွပ်ကဲမှုရုံးသို့ စုစည်း ရောက်ရှိသောစနစ်ကို စတင်အသုံးပြု နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကျန် တိုင်းဒေသကြီး / ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးတို့တွင် အော်တိုတယ်လီဖုန်း ရရှိသော မြို့နယ်အဆင့် ရဲစခန်းများ တွင် MPT, Ooredoo, Telenor GSM ဖုန်းများမှ မြို့နယ်ရဲစခန်းများရှိ "199"တယ်လီဖုန်းများသို့ ခေါ်ဆိုရရှိ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Credit : theirrawaddyburmese/



Follow us on