1. Home
  2. Special or Others

လေဆိပ်လုံခြုံရေးတွေရဲ့ စစ်ဆေး အရိုက်နှက်ခံခဲ့ရတဲ့ ကင်ဆာဝေဒနာခံစားနေရသော မိန်းကလေး

Special or Others ก.ค. 07, 2559 view 1,549

အသက် ၁၉ နှစ်အရွယ် Hannah Cohen သည် နောက်ဆုံးအကြိမ် ဦးနှောက် ကင်ဆာကုထုံးကို Memphisမြို့ဆေးရုံတွင် လုပ်ဆောင်ပြီးနောက် ၂၀၁၅ ဇွန်လ ၃၀ ရက်နေ့က Chattanooga ရှိတဲ့ သူမနေရပ်သို့ Memphis မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုံခြုံရေးဂိတ်များကို ဖြတ်သန်းစဉ် သတ္တုစစ်ဆေးသောကိရိယာ အသံမြည်သွားသော်ကြောင့် အမေရိကန်သယ်ယူပို့ဆောင်ရေးလုံခြုံရေးအဖွဲ့(TSA)မှ Hannah Cohen ကို ထိန်းချုပ်ရေး ဧရိယာသို့ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့က သူမအားနောက်တစ်ကြိမ်စစ်ဆေးစဉ် သူမအနေဖြင့် ကြောက်လည်းကြောက်၊ သူမကိုယ်တိုင်လည်းဘာဖြစ်လို့ဖြစ်မှန်း နားမလည်တာနှင့် ဆန္ဒလည်းမပါပဲ သံသယများဖြင့် လေဆိပ်လုံခြုံရေးကို မပူးပေါင်းပေးတာကြောင့် လုံခြုံရေးအဖွဲ့မှ သူမအားဆောင့်တွန်းကာကျမ်းပြင်တွင် ရိုက်နှက်ခဲ့ကာ ဒဏ်ရာများနှင့်သွေးများထွက်ခဲ့ရပါတယ်။ 

Hannah ၏မိခင်မှလည်း လုံခြုံရေးဝန်ထမ်းများအား ရှင်းပြဖို့ကြိုးစားခဲ့ရာ “ သမီးငယ်လေးမှာ ၁၇ နှစ်လုံးလုံး ဦးနှောက်ကင်ဆာဝေဒနာကို ဓာတုကုထုံးများနှင့် ခွဲစိတ်မှုများလုပ်ခဲ့သောကြောင့် အကြားအာရုံတချို့ဆုံးရူံးခဲ့ရပြီး မျက်စိတစ်ဖက်လည်း ကွယ်နေကာ တော်ရုံအခြေအနေကိုနားမလည်နိုင်ကြောင်း” ရှင်းပြသော်လည်း လုံခြုံရေးဝန်ထမ်းများက သူမ၏မိခင်ကို တွန်းထုတ်လိုက်သည်ဟုဆိုသည်။

TSA နှင့် လေဆိပ် အာဏာပိုင်တို့မှ ၄င်းကိစ္စနှင့်ပက်သက်ပြီး မည်သည့်တုန့်ပြန်ချက်မျိုးကိုမျှလုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Credit:China.com



Follow us on