1. Home
  2. Movie Stars - Celebrity

ရည်းစားသုံးယောက်လောက် ဖြစ်နေတဲ့ ဘန်နီဖြိုး

Movie Stars - Celebrity ก.ค. 08, 2559 view 1,927

အလကားနေရင်း ဟိုလူနဲ့ပေးစား ဒီလူနဲ့ ပေးစားနေတာကြောင့် ရည်းစားသုံးယောက်လောက် ဖြစ်နေပြီလို့ ဘန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၅) ရက်နေ့က တင်ထားပါတယ်။

လက်ရှိမှာ ဘန်ကောက်ကို ရောက်ရှိနေတဲ့ ဘန်နီက အဲဒီကိစ္စတွေကြောင့် စိတ်ညစ်နေပါတယ်။ မသိဘဲနဲ့ ဟိုလူနဲ့ပေးစားလိုက် ဒီလူနဲ့ ပေးစားလိုက် ဖြစ်နေတာကြောင့် မသိရင်လည်း မပြောကြပါနဲ့တော့လို့ သူက ဆိုပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် သူရဲ့ သူငယ်ချင်း၊ ပရိသတ်တွေကလည်း ဘယ်သူနဲ့ဆိုတာကို သိချင်နေကြပါတယ်။

ဘန်နီဖြိုးက သင်္ကြန်ပြီးကတည်းက အဆိုတော် ကောင်မလေး တစ်ယောက်ကို ရည်းစားစကားပြောခဲ့တယ် ဆိုတဲ့ သတင်းထွက်ခဲ့သလို လွန်ခဲ့တဲ့ လပိုင်းလောက်က (၇)နှစ် လောက်တွဲခဲ့တဲ့ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ ပြတ်သွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါသေးတယ်။

သူကိုယ်တိုင်ကလည်း ဘယ်အဆိုတော် ကောင်မလေးကိုမှ ရည်းစားစကား မပြောခဲ့သလို သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ ပြတ်တယ် ဆိုတာကတော့ အမှန်ဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေခဲ့ပါတယ်။

Credit: Duwun



Follow us on