1. Home
  2. Special or Others

အမြွှာဦးရေ များလွန်းနေတဲ့ တရုတ်က ရွာငယ်လေး

Special or Others ก.ค. 08, 2559 view 1,607

တရုတ်နိုင်ငံက အိမ်ခြေရာဂဏန်းလောက်သာ ရှိတဲ့ ကျေးရွာတစ်ခုမှာ လူဦးရေအိမ်ထောင်စု အချိုးအစားနဲ့ မမျှအောင် အမြွှာပူး ဦးရေက များလျှက်ရှိပါတယ်။ ချောင်ကင်းဒေသ ကျန်ယင်းခရိုင်အတွင်းက ကွင်ယန်ဆိုတဲ့ ရွာကလေးဟာ အိမ်ခြေ ၃၆၇ စုသာ ရှိတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ဒါပေမဲ့ ရှိတဲ့လူဦးရေနဲ့ မမျှအောင်ကို ရွာမှာရှိတဲ့ အမြွှာဦးရေက များနေပြီး ကွင်ယန်ဆိုတဲ့ ရွာမှာ စုစုပေါင်း ၃၉ မြွှာအထိ ရှိနေပါတယ်။

သဘာဝအတိုင်း ကို အမြွှာဦးရေ များနေတာဖြစ်ပြီး ဆေးပညာရှင်တွေလည်း တိကျတဲ့အဖြေ ရှာမရဖြစ်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံမှာ အမြွှာဦးရေ များလာတာတော့ နိုင်ငံတဝှမ်း ကြုံတွေ့ခဲ့ရတာပါ။ အချို့ကလည်း အမြွှာကလေးငယ်လိုချင်လို့ ရည်ရွယ်ကြိုးစားကြတာတွေ ရှိပါတယ်။ ကွင်ယန်ရွာမှာ ရှိတဲ့ အငယ်ဆုံး အမြွှာကလေးငယ်က အခုမှ ကိုးလသ ရှိသေးပြီး အသက်အကြီးဆုံး အမြွှာက အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။

 Credit : mayoneyinponepyinmat



Follow us on