1. Home
  2. Special or Others

ဂရင်းနစ်စံချိန်ဝင်သွားတဲ့ ကမ္ဘာ့အကြီးဆုံးမိချောင်းကြီး

Special or Others ก.ค. 08, 2559 view 1,717

ရေထဲက ဘုရင်လို့ခေါ်ရလောက်အောင် ရေထဲမှာတိုက်ရည်ခိုက်ရည်ပြည့်စုံ တာကတော့ မိချောင်းတွေပါ။ ရေချို မှာ ကျင်လည်တဲ့ မိချောင်းထက် ရေငံ မှာကျင်လည်တဲ့မိချောင်းက ပိုသွက် ပြီး အကောင်ပိုကြီးပါတယ်။ Cassius ကတော့ ရေငံမိချောင်းတွေထဲမှာ အကောင်အကြီးဆုံးနဲ့ အလေးချိန် အများဆုံးမိချောင်းတစ်ကောင်ပါ ပဲ။ အရှည်အားဖြင့် ၅.၄၈ မီတာ (၁၇ ပေ ၁၁ ဒဿမ ၇၅လက်မ) ရှိပြီး ၁ တန်နီးပါး အလေးချိန်ရှိပါတယ်။ ပုံမှန်အား ဖြင့် Crocodylus porosus မျိုးစိတ် မိချောင်းတွေဟာ ၇ မီတာ (၂၃ပေ) ထိရှည်လျားနိုင်ပြီး အလေးချိန် ၁ တန် ကျော်တဲ့အထိ ကြီးထွားနိုင်ပါတယ်။ အသက်အရွယ်ကတော့ နှစ် ၁၀၀ ကျော်လောက်အထိ အသက်ရှည် နိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။

သြစတြေးလျနိုင်ငံ ဂရင်းလန်း မှာရှိတဲ့ Marineland Melanesia အမည်ရှိ တိရိစ္ဆာန်ရုံတွင်း မှာ Cassius ကိုတွေ့ မြင်နိုင်မှာ ဖြစ်ပြီး Cassius နဲ့မျိုးစိတ်တူတဲ့ မိချောင်းအကောင် ၅၀ လောက် သြစတြေးလျမှာရှိနေပါတယ်။ Cassius ကို ဂရင်းလန်းရောက်ဖို့ ၃၂၀၀ ကီလိုမီတာ လောက်ဝေးတဲ့နေရာက ထရပ်ကားနဲ့ သယ်လာရတာပါ။ ၁၉၈၇ ခုနှစ်မှာ စပြီး ဂရင်းလန်းကိုရောက်ရှိခဲ့ပါတယ်။ Cassius ထက် ပိုရှည်တဲ့ မိချောင်းတွေရှိပါသေးတယ်။ ဒါပေမယ့် သူ့ လောက်အကောင်မကြီးပါဘူး။ Cassius ဆိုတဲ့နာမည်ကတော့ လက်ဝှေ့သမား မိုဟာမတ်အလီ ရဲ့ ငယ်နာမည် ဖြစ်ပါတယ်။ Cassius ကအတော်လေးကို သတ်ပုတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ သူ့ကိုဖမ်းခဲ့ သူတွေကဆို ပါတယ်။

Credit : mayoneyinponepyinmat



Follow us on