1. Home
  2. Special or Others

နာမည်ကြီးသူမှ ဝယ်ယူခွင့်ရှိမဲ့ အမွှေးအမျှင်များနဲ့ လုပ်ထားတဲ့ ဝတ်စုံ

Special or Others ก.ค. 08, 2559 view 1,569

အရင် ရက်ပိုင်းက အသက် ၂၈ နှစ်အရွယ် ဗြိတိသျှ ဒီဇိုင်နာ Sarah Louise Bryan ဟာ အမွှေးအမျှင်တွေကို အလှူခံပြီး ရလာတဲ့ ဘရာ နဲ့ စကတ် ကို ချပြလိုက်ပါပြီ ။ လိင်အဂါင်္ အမွှေးတွေနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာရွ့စရာ အကောင်းဆုံးဝတ်စုံဖန်တီးသူလို့လဲ နာမည်ကြီးနေပါတယ်။

ဒီဇိုင်နာက ဝတ်စုံကိုရောင်းဖို့ ဆန္ဒရှိပေမဲ့ သင့်တော်တဲ့ ဈေးနှုန်းနဲ့ သင့်တော်မှန်ကန်တဲ့လူကိုသာ ရောင်းချမယ်လို့ပြောထားပါတယ် ။ ပြတိုက်တစ်ခုခု ဒါမှမဟုတ် နာမည်ကြီးတစ်ဦးဦးကိုပဲ ရောင်းချမှာ ဖြစ်ပါတယ်တဲ့။

“ကျွန်မက နာမည်ကြီးမဟုတ်တဲ့သူ တစ်ယောက်အတွက် ဝတ်စုံတစ်စုံချုပ်မှာ မဟုတ်ပါဘူး။ ဒီဝတ်စုံကို ဝယ်ချင်တယ်ဆိုရင်တော့ သင်က နာမည်ကျော်ကြားသူ တစ်ဦးဖြစ်မှသာ ဝယ်ယူခွင့်ရှိမှာပါ”လို့ Bryan က ပြောထားပါတယ်။ အခုလက်ရှိအချိန်ထိ ဝတ်စုံဝယ်ဖို့ ကမ်းလှမ်းထားသူပေါင်း ၃၀၀ နီးပါးရှိနေပြီလို့လည်း HuffPost သတင်းတိုက်ကို ပြောပြခဲ့ပါတယ်။



Follow us on