1. Home
  2. Movie Stars - Celebrity

ဘီကီနီလေးနဲ့ Rita Ora

Movie Stars - Celebrity ก.ค. 08, 2559 view 1,529

အင်္ဂါနေ့မှာ Rita ရဲ့ အင်စတာဂရမ်ပေါ်ရောက်လာတဲ့ ပုံတစ်ပုံကတော့ ဘီကီနီဝတ်ထားတဲ့ သူမရဲ့ခန္ဓာကိုယ်သီးသန့်ပုံ ဖြစ်ပါတယ်။ ဘီကီနီလေးက ချစ်ဖို့ကောင်းနေတော့ အမြင်ရိုင်းတယ်လို့ ပြောဖို့ခက်ပါတယ်။ အရမ်းဟော့တဲ့ အဆိုတော်မလေးက သူမရဲ့ လှပတဲ့ကိုယ်လုံးကို အသားပေးပြလိုဟန်ရှိပါတယ်။

ပုံထဲမှာ အဆီပိုတစ်စက်မှမရှိတဲ့ Rita ရဲ့ ချပ်ရပ်တဲ့ဝမ်းဗိုက်တွေကို မြင်ရပါတယ်။ ယခင်ကထက်တော့ ပိုပိန်သွားတယ်ဆိုတာကလည်း အသိအသာပါပဲ။ ရီတာဟာ ဇာတ်ကားရိုက်ကူးရေးတွေ ဖျော်ဖြေရေးတွေနဲ့ အလုပ်တွေများနေခဲ့ပြီး တလောတုန်းကဆို ဆေးရုံပါတင်လိုက်ရပါသေးတယ် လို့ သိရပါတယ်။

Credit:Duwun 



Follow us on