1. Home
  2. Special or Others

စင်္ကာပူတွင် ယနေ့မနက် ဘဏ်ဓားပြတိုက်မှု ဖြစ်ပွား

Special or Others ก.ค. 08, 2559 view 1,579

စင်္ကာပူနိုင်ငံအတွင်းမှာ ဒီကနေ့မနက် Standard Chartered ဘဏ်ခွဲတစ်ခုအတွင်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လွတ်မြောက်သွားတဲ့ လုယက်သူကို ရဲတပ်ဖွဲ့ ရှာဖွေနေဆဲ ဖြစ်ပြီး ဘဏ်ကိုလည်း ပိတ်ထားလိုက်ရပါတယ်။ ဓားပြတိုက်ခဲ့တဲ့ အချိန် ဘဏ်ဝန်ထမ်းတွေအပါအဝင် ဘဏ်ထဲမှာ ရှိနေသူအားလုံး ဘေးကင်းခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ စင်္ကာပူစံတော်ချိန် မနက် ၁၁း၂၅ နာရီလောက်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သတင်းတွေကို စင်္ကာပူရဲတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို မှုခင်းဖြစ်စဉ် အသေးစိတ်ကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ မျက်မြင်သက်သေအချို့ရဲ့ အဆိုအရ ဘဏ်အတွင်း အကြမ်းဖက်မှု ဖြစ်ပွားနေတယ်လို့တောင် ထင်ခဲ့ရပြီး နောက်ပိုင်းမှသာ ဘဏ်ဓားပြတိုက်တာအဖြစ် သိခဲ့ကြတယ်လို့ CNA သတင်းဌာနက ဖော်ပြပါတယ်။ စင်္ကာပူမှာ ဘဏ်ကို ဓားပြတိုက်လုယက်တာမျိုးဟာ ရှားရှားပါးပါး လုပ်ရပ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက အမျိုးသားတစ်ဦးဟာ အမျိုးသမီးဟန်ဆောင်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Credit ; DUWUN



Follow us on