1. Home
  2. Movie Stars - Celebrity

အမွန်းရဲ့ စတန်ကသမားတွေ မသုံးဘဲ ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား

Movie Stars - Celebrity ก.ค. 08, 2559 view 1,557

အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ဇာတ်ကားမှာ မင်းသားနိုင်းနိုင်းနဲ့အတူ ဆိုင်ကယ်စီးခန်းတွေမှာ ဆိုင်ကယ်ကို တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ မောင်းပြီး ရိုက်ခဲ့ရသလို စတန့်သမားတွေ လုပ်ရမယ့် နေရာတွေမှာ လူစားမထိုးဘဲ သူမကိုယ်တိုင် သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေ ရှိတယ်လို့ ပြောပြထား ပါတယ်။

ဒီဇာတ်ကားကြီးဟာ သူမအတွက် အဆိုတော်ဘဝကနေ သရုပ်ဆောင်တစ်ယောက် အဖြစ်သို့ ပြောင်းလဲချိန်မှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ အက်ရှင်ဇာတ်ကားကြီးတစ်ကား ဖြစ်ပြီး အမှတ်တရတွေလည်း အများကြီး ရှိခဲ့တယ်လို့ သိရပါတယ်။

ဘယ်အချိန် ရုံတင်ပြသမလဲဆိုတာကိုတော့ မသိသေးပေမဲ့ ဒီဇာတ်ကားမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သလို အန္တရာယ်တွေလည်း တွေ့ကြုံခဲ့ရတယ်လို့ ပြောထားပါတယ် ။

အမွန်းရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးလို့ ပြီးသွား ပြီ ဖြစ်ပါတယ်။

post တစ်ယောက်တမျိုးနဲ့ ဒုဋ္ဌ၀တီ အဖွဲ့သားများ 

Credit::popular 



Follow us on