1. Home
  2. Movie Stars - Celebrity

ကိုယ်တိုင်ဆောက်ထားတဲ့ Malawi's ကလေးဆေးရုံကို သွားရောက် စစ်ဆေးတဲ့ Madonna

Movie Stars - Celebrity ก.ค. 11, 2559 view 1,567

ပေါ့ပ်အဆိုတော် Madonna ဟာ မာလာဝီနိုင်ငံ စီးပွားရေးမြို့တော် ဘလန်ထာရာမြို့ရှိ အဲလီးဇဘက်ဘုရင်မ ဗဟိုဆေးရုံတွင် ခုတင် ၅၀ ကလေးကုသဆောင်ကို ဇူလိုင် ၁၀ ရက်တွင် မာလာဝီနိုင်ငံသို့ သွားရောက်စစ်ဆေးခဲ့ပါတယ် ။

Madonna ရဲ့ ချို့တဲ့သူများ ကူညီရေးအသင်းအဖွဲ့ Raising Malawi သည် မာလာဝီနိုင်ငံအ တွင်း ကလေး အထူးကြပ်မတ် ကုသဆောင်ကို ပထမဆုံး ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။  အထူးကြပ်မတ် ကုသဆောင်တစ်ခု ပါဝင်သည့် ခုတင် ၅၀ ကလေးခွဲစိတ်ကုသ ဆောင် နှစ်ထပ်ဆောင်ကို ဆောက်လုပ်နေကြောင်း Raising Malawi ဒါရိုက်တာ ဆာရက်အစ်ဇီက ပြောကြားခဲ့ ပါတယ် ။ 

 ကလေးကုသဆောင်သစ်သည် ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ပြီး ကလေးငယ်များ အတွက် ခွဲစိတ်ခန်း သုံးဆောင် ပါဝင်မည်ဖြစ်ပြီး ခုတင် ၅၀ ဆံ့ အဆောင်တစ်ဆောင်၊ နေ့ဘက်ဆေး ခန်းတစ်ခန်း ပါဝင်ပြီး  နိုင်ငံ၏ ပထမဆုံး ကလေးအထူးကြပ်မတ် ကုသဆောင် လဲဖြစ်ပါတယ်။ 

Madonna ဟာ မာလာဝီ နိုင်ငံအတွင်း မိဘမဲ့ကလေးများ၊ ကျောင်းများနှင့် ဆေးဘက်ဆိုင် ရာ အဆောက်အအုံများ အပါအ၀င် ချို့တဲ့သူများ ကူညီရေး လုပ်ငန်းများတွင် ငွေကြေးများ ထောက်ပံ့ ကူညီပေးလျက် ရှိ ပြီး  ၂၀၁၄ ခုနှစ် နိုဝင်ဘာလက မာလာဝီနိုင်ငံသို့ အလည်ပတ် ရောက်ရှိစဉ်က မာလာဝီသမ္မတ ပီတာမူသာရီကာက မက်ဒေါနားအား မာလာဝီ၏ ကလေးသူငယ် ပြုစုစောင့်ရှောက် ရေး သံတမန်အဖြစ် ခန့်အပ်ခဲ့ရခြင်း လဲ ဖြစ်ပါတယ်။ 

Credit:Mizzima 



Follow us on