1. Home
  2. Movie Stars - Celebrity

Peckforton ရဲတိုက်ကြီးနဲ့ Ciara ရဲ့ မင်္ဂလာပွဲ

Movie Stars - Celebrity ก.ค. 11, 2559 view 1,690

အဆိုတော် Ciaraဟာ သူမရဲ့ချစ်သူ ဘောလုံးသမား Russell Wilson နဲ့ လက်ထပ်ပြီး မင်္ဂလာဧည့်ခံပွဲကို ထူးခြားခမ်းနားတဲ့နေရာမှာ ပြုလုပ်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံ ချက်စ်ရှိုင်းယားပြည်နယ်က ရဲတိုက်ကြီးတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။

Peckforton ရဲတိုက်ဟာ ၁၉ ရာစုလက်ရာဖြစ်ပြီး မင်္ဂလာပွဲအတွက် ဒေါ်လာသောင်းချီပေးကာ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။မင်္ဂလာစုံတွဲအတွက် လက်ထပ်လက်စွပ်ကို ဇီးကွက်ကြီးတစ်ကောင်က သယ်လာခဲ့ပြီး ရွှေရောင်လင်းယုန်ကြီးကလည်း ဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။

Ciara နဲ့ Russell တို့ဟာ သူတို့ရဲ့မင်္ဂလာဧည့်ခံပွဲကို နှစ်ဖက်အသိုင်းအဝိုင်းမှ ဧည့်သည် ၁၀၀ ကို ဖိတ်ကြားခဲ့ပါတယ်။ခမ်းနားတဲ့ရဲတိုက်ကြီးထဲက ထည်ဝါတဲ့မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေမဲ့ မင်္ဂလာပွဲမှာ ဖုန်းတွေကိုပိတ်ထားပေးဖို့ မင်္ဂလာမောင်နှံက တောင်းဆိုခဲ့တာကြောင့် လူမှုကွန်ရက်တွေပေါ်မှာ ပုံတွေကိုမတွေ့ရပါဘူး။

Credit:Duwun 



Follow us on