1. Home
  2. Special or Others

“ကမ္ဘာ့ လူဦးရေနေ့”ဇူလိုင်လ ၊၁၁ ရက်

Special or Others ก.ค. 11, 2559 view 1,606

၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ငါးထောင် ပြည့်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂက ထိုနေ့ကို ‘Five Billion Day’ ဟု ကြေငြာခဲ့သည်။ နောက်နှစ်နှစ်အကြာတွင်ဇူလိုင် ၁၁ ရက်နေ့ကို ‘ကမ္ဘာ့ လူဦးရေနေ့’(World Population Day) အဖြစ် နှစ်စဉ် သတ်မှတ်သွားမည့်အကြောင်း ထပ်မံကြေငြာခဲ့သည်။ကမ္ဘာကြီးသည် နေ့စဉ် လူသားတို့ မွေးဖွားနေကြသည်၊ထိုအတူ နေ့စဉ် လူသားတို့ သေဆုံးနေကြသည်။ ကျွန်တော်တို့ ဘိုး၊ဘေးများလက်ထက်မှသည် ယနေ့တိုင်လူသားတို့ တိုးတက်ရာ တိုးတက်ကြောင်း လူသားတို့ ကြိုးစားနေကြသည် နောင်မျိုးဆက်များလည်း ကြိုးစားကြရအုံးမည်။

ယခု ၂၀၁၆ ခုနှစ်တွင် လူဦးရေသည် သန်းခုနှစ်ထောင့်လေးရာ ကျော်ခဲ့ပြီဖြစ်သည်။ထိုလူဦးရေ၏ စားဝတ်နေရေးကို တာဝန်ယူရသော ကမ္ဘာကြီးအတွက် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားရန် လိုအပ်သည်။လူသားများအားလုံး ငြိမ်းချမ်းပျော်ရွင်စွာနှင့် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်နိုင်ရန်အတွက် ကမ္ဘာကြီး၏ သဘာဝဖြစ်စဉ်များကို ကာကွယ်စောင့်ရှောက်ကြပါစို့ လို့ တိုက်တွန်းလိုက်ရပါသည်။

Credit :  yoyarlay.com



Follow us on