1. Home
  2. Movie Stars - Celebrity

ညအိပ်ဝတ်စုံနဲ့ Meghan Trainor

Movie Stars - Celebrity ก.ค. 11, 2559 view 1,566

အဆိုတော် Meghan Trainor ဟာ Notion မဂ္ဂဇင်းထဲမှာ သူမရဲ့ အလှတွေကို အစွမ်းကုန် ပြသလိုက်တာ မြင်တွေ့ရပါတယ်။ သူမဟာ ညဝတ်ဝတ်စုံလေးကို ဝတ်ပြီး Noition မဂ္ဂဇင်းအတွက် ဇူလိုင်လ ၈ ရက်မှာ ဆက်စီအကျဆုံး ဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ခွင့်ပြုချက်မပါဘဲ သူမရဲ့သီချင်းဗီဒီယိုထဲမှာ သူမကို ပိုမိုသေးသွယ်အောင် ဖိုတိုရှော့နဲ့ ပြုပြင်ခဲ့တဲ့အတွက် ဝေဖန်ထိုးနှက်ခံခဲ့ရတဲ့ Meghan Trainor ဟာ သူမရဲ့ ပင်ကိုယ်အလှကို ပြသလိုက်တယ်လို့ ဆိုရပါမယ်။

ယခု ဓာတ်ပုံရိုက်ကူးမှုအပြင် ကာညေးဝက်စ်ရဲ့ Famous သီချင်းဗီဒီယိုကို ဟာသလုပ်ထားတဲ့ Nick Rimshaw ရဲ့ ရုပ်သံအစီအစဉ်ထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ သူမဟာ ချယ်ရီ၊ ဂျက်စတင်ဘီဘာနဲ့ တခြားအဆိုတော်များစွာနဲ့အတူ အိပ်ရာတစ်ခုထဲမှာ လဲလျောင်းရင်း စကားဝိုင်းဖွဲ့ခဲ့ပါတယ်။

Credit:Duwun



Follow us on