1. Home
  2. Special or Others

ရောမခေတ်ပန်းပုရုပ်တွေမှာ အမျိုးသားအင်္ဂါ သေးငယ်နေရတဲ့ အကြောင်းရင်း

Special or Others ก.ค. 11, 2559 view 2,088

ပြတိုက်တွေမှာ ရှေးဟောင်း ပန်းပုရုပ်တွေထဲက ရောမသားကြီးတွေဟာ ကြွက်သားဆိုင်အဖုအထစ်တွေနဲ့၊ ခန့်ထည်လှတဲ့ ခန္ဓာကိုယ်ရှိပေမဲ့ တစ်နေရာကတော့ အမြဲသေးကွေးနေခဲ့ပါတယ်။ လက်ရာအမြောက်ဆုံးနဲ့ ယောက်ျားအပီသဆုံး ဂရိခေတ်က အမျိုးသားတွေရဲ့ ရုပ်တုတွေမှာတောင် အမျိုးသားအင်္ဂါက သေးငယ်နေတာပါပဲ။ သမိုင်းပညာရှင်တစ်စုဟာ လက်ရာမြောက် ရှေးခေတ်ရုပ်တုတွေမှာ ဘာကြောင့် အခုလို လိုအပ်ချက်ရှိနေရတာလဲဆိုတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ အလှအပနဲ့ အမျိုးသားဆိုင်ရာ သတ်မှတ်ချက်တွေဟာ ယနေ့ခေတ်နဲ့ ရှေးခေတ်က အလွန်ကွာခြားနေကြောင်း How To Talk About Art History ဘလော့ဂ်မှာ ရေးသားဖော်ပြထားပါတယ်။ "အခုခေတ်မှာ အမျိုးသားအင်္ဂါကြီးတာဟာ ယောက်ျားပီသတယ်လို့ ယူဆကြပေမဲ့ အဲဒီတုန်းက သေးငယ်တာက ကြီးတာထက် ပိုကောင်းတယ်လို့ ယူဆကြတဲ့ အချက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။

မိုက်ကယ်အန်ဂျယ်လိုရဲ့ သမ္မာကျမ်းလာ သူရဲကောင်း ဒေးဗစ်ဟာ ရှေးသမိုင်းမှာ အပြည့်စုံဆုံးသူလို့ သတ်မှတ်ခံထားရသူဖြစ်ပြီး သူတောင်မှ အမျိုးသားအင်္ဂါ ကြီးမားခြင်းမရှိပါဘူး။ ဂရိခေတ်တုန်းက အမျိုးသားအင်္ဂါရပ် သေးငယ်တာကို ပိုသဘောကျကြကြောင်း သမိုင်းပညာရှင် ကန်နက်ဒုတ်ဘာရဲ့ Geek Homosexuality စာအုပ်ထဲမှာလည်း ရေးသားထားပါတယ်။ အဲဒီခေတ်တုန်းက အမျိုးသားအင်္ဂါကြီးမားသူတွေကို ဉာဏ်ရည်နိမ့်ပြီး ဆွဲဆောင်မှုမရှိသူဖြစ်ပြီး လူတကာနဲ့ ကာမဆက်ဆံသူတွေလို့ မြင်ကြပါတယ်။

Credit : mayoneyinponepyinmat/



Follow us on