1. Home
  2. Movie Stars - Celebrity

မွေးနေ့မှာ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ မိုးယု

Movie Stars - Celebrity ก.ค. 12, 2559 view 1,549

သရုပ်ဆောင်မိုးယုစံက ဇူလိုင် ၁၁ ရက်ည Sule Shangri-La Hotel မှာ ပြုလုပ်ခဲ့တဲ့ မွေးနေ့ပွဲမှာ သူမရဲ့ မင်္ဂလာပွဲသတင်းကို ကြေညာလိုက်ပါတယ်။မိုးယုစံရဲ့ မွေးနေ့ပွဲမှာ သူမရဲ့ချစ်သူ ကိုစွမ်းသူမိုးက ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့ပြီးနောက် သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲအစီအစဉ်တွေကို ကြေညာလိုက်တာပါ။

သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲတွေကို အောက်တိုဘာလအတွင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်မှာ ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ၊ အောက်တိုဘာ ၂၀ ရက်မှာ မဟာစည်သာသနာ့ရိပ်သာ မင်္ဂလာဦးဆွမ်းကျွေး ပြုလုပ်သွားမှာပါ။အောက်တိုဘာ ၂၉ ရက်မှာ Melia ဟိုတယ်မှာ စုလျားရစ်ပတ်လက်ထပ်မင်္ဂလာပွဲနဲ့ မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ ၃၁ ရက်မှာ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ မိုးယုစံတို့စုံတွဲက ကြေညာပြောကြားခဲ့ပါတယ်။

Credit:7daydaily 



Follow us on