1. Home
  2. Movie Stars - Celebrity

13ပတ် ဆက်တိုက် နံပါတ်တစ်နေရာ ဖြစ်နေတဲ့ Drake ရဲ့ One Dance

Movie Stars - Celebrity ก.ค. 12, 2559 view 1,524

ကနေဒါ ဂီတကြယ်ပွင့် Drake ၏ One Dance သီချင်းမှာ လူကြိုက်အများဆုံး သီချင်းများ စာရင်းတွင် ၁၃ ပတ် ဆက်တိုက်အဖြစ် နံပါတ်တစ် နေရာကို ရယူထားလျက် ရှိသည်။ Wet Wet Wet ဂီတအဖွဲ့၏ သီချင်း Love Is All Around ထွက်ရှိခဲ့သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် လူကြိုက်အများဆုံး သီချင်းများစာရင်း၌ One Dance သီချင်းက နံပါတ်တစ် နေရာကို ကာလအရှည်ကြာဆုံး ရယူထားနိုင်ခဲ့ခြင်း ဖြစ်သည်။

Drake ၏ R&B သီချင်းမှာ ထွက်ရှိသည့် ဧပြီလ ကတည်းကစ၍ လူကြိုက်အများဆုံး သီချင်း များ စာရင်းတွင် လွှမ်းမိုးထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ဂီတလောက သို့ စတင် ဝင်ရောက်လာခဲ့တဲ့ ကနေဒါ အဆိုတော် Drake မှာ အသက် ၂၉ နှစ် ရှိပြီဖြစ်ပါတယ် ။

Credit:Mizzima



Follow us on