1. Home
  2. Movie Stars - Celebrity

စတားလုံးရဲ့သမီး အချောအလှလေးများ

Movie Stars - Celebrity ก.ค. 12, 2559 view 1,537

ဖခင်ဖြစ်သူ စတားလုံးရဲ့ အသက် ၇၀ ပြည့် အမှတ်တရအနေနဲ့ Saint Tropez ကို မိသားစုနဲ့အတူ ရောက်နေတဲ့ အသက် ၁၈ နှစ်အရွယ် ဆစ်စတင်းစတားလုံးနဲ့ အသက် ၁၄ နှစ်အရွယ် စကားလတ်စတားလုံးတို့ကို တွေ့ရပါတယ်။ ဇူလိုင်လ ၁၁ ရက်က ရွက်လှေပေါ်မှာ အပန်းဖြေပြီးတဲ့နောက် စတားလုံးတို့ မိသားစုဟာ Clubb 55 ကလပ်ကို သွားရောက်ခဲ့ကြပါတယ်။ ဖခင်ရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ မိန်းကလေးတွေရဲ့အလှအပကို ပေါင်းစပ်ထားတဲ့ စတားလုံးညီအစ်မဟာ ဂျင်းဘောင်းဘီတိုနဲ့ အင်္ကျီဖြူ ကိုယ်စီဝတ်လို့ နေ့လယ်စာစားဖို့ ထွက်လာကြတာကို မြင်တွေ့ရပါတယ်။

ရုပ်ချင်းအလွန်တူကြတဲ့ ညီအစ်မနှစ်ယောက်ဟာ အဝတ်အစားဆင်တူ ဝတ်ကြပေမဲ့ ကိုယ်ပိုင်စတိုင် ကိုယ်စီရှိကြောင်းကို သူတို့ရဲ့အင်္ကျီတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ စတားလုံးရဲ့ ဇနီး အသက် ၄၇ နှစ်အရွယ် ဂျနီဖာကလည်း အနက်ရောင်ဝတ်စုံတိုလေးဝတ်လို့ သမီးတွေနဲ့ အပြိုင် လှနေပါတယ်။

Credit : mayoneyinponepyinmat/



Follow us on