1. Home
  2. Special or Others

အိမ်သာထဲမှာSexy DanceကပြီးLiveလွှင့်ခဲ့တဲ့အကောင့်ကို တရုတ်အစိုးရပိတ်ပစ်ခဲ့

Special or Others ก.ค. 12, 2559 view 2,545

အိမ်သာထဲမှာ အဝတ်အစားအပြည့်အစုံနဲ့ Sexy dance ကပြီး Live Stream လွှင့်ခဲ့တဲ့ကောင်မလေး ရဲ့အကောင့်ကိုတရုတ်အစိုးရက ပိတ်ပစ်ခဲ့ပါတယ်။ Song Zixinရဲ့အကကိုကြည့်ရှုသူ တစ်သိန်းခန့်ရှိခဲ့ပါတယ်။ဒီလိုမျိုးကြည့်ရှုသူများတာကြောင့် တရုတ်အစိုးရက သတိထားမိပြီး ပိတ်လိုက်တာလည်းဖြစ်ပါတယ်။ တရုတ်ပြည်သူတွေထဲမှာ မကျေနပ်တဲ့သူတွေလည်းရှိနေပါတယ်။ အကြောင်းရင်းကတော့ ကောင်မလေးအနေနဲ့အဝတ်အစားအပြည့်အစုံနဲ့ ကလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့မပိတ်သင့်ဘူးလို့အချို့က ထင်မြင်နေကြပါတယ်။

အချို့ကလည်း ကောင်မလေးရဲ့ အတိုအပြတ်အဝတ်အစားကြောင့် ပိတ်လိုက်တာမှန်တယ်လို့ ထောက်ခံနေကြပါတယ်။ ဗီဒီယိုထဲမှာတော့ ကောင်မလေးဟာ အိမ်သာခွက်ပေါ်မှာ လှုပ်ခါပြီးကနေခဲ့တာလည်းဖြစ်ပါတယ်။ ကနေစဉ်အတွင်းမှာလည်း သူမက ပရိတ်သတ်တွေကို သူမရဲ့channel ကို subscribeလုပ်ထားဖို့ သတိပေးခဲ့ပါတယ်။ ဒီအကဗီဒီယိုကို Toilet Dance လို့ခေါ်နေကြပြီး တရုတ် ဆိုရှက်နက်ဝပ် YYပေါ်မှာ ခေတ်စားနေတာလည်းဖြစ်ပါတယ်။ 

YYဟာ အသုံး ပြုသူ သန်း၃၀၀လောက်ရှိပါတယ်။သူမက အကောင့်အပိတ်ခံခဲ့ရပေမယ့် နောက်တစ်ကောင့်နဲ့ ဆက်ကနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စကြောင့် ပြည်သူတွေက တရုတ်အစိုးရရဲ့ အင်တာနက်လွတ်လပ်ခွင့်အပေါ်မေးခွန်းထုတ်လာခဲ့ကြပါတယ်။ တရုတ်အစိုးရက မကြာသေးခင်ကလည်း မိန်းကလေးတွေငှက်ပျောသီးစားတဲ့ ဗီဒီယိုတွေကို မတင်ဖို့ ပိတ်ပင်ခဲ့ပါတယ်။

Credit:shwemom



Follow us on