1. Home
  2. Special or Others

Facebook ပေါ်မှာ ၃၆၀ဒီဂရီ ဓာတ်ပုံတွေကို တင်နည်း

Special or Others ก.ค. 13, 2559 view 1,614

သင့်အနေနဲ့ Facebook က ၃၆၀ ဒီဂရီ ပတ်လည် ဓာတ်ပုံတွေကို တင်ခွင့်ပေးလိုက်တာကို သိပြီးလောက်ပါပြီ။ ဒီတစ်ခါမှာတော့ ကျွန်တော့်အနေနဲ့ ၃၆၀ ဒီဂရီ ဓာတ်ပုံတွေကို Facebook မှာတင်ဖို့ အခက်အခဲ ဖြစ်နေတဲ့သူတွေအတွက် နည်းလမ်းတစ်မျိုးကို ပြောပြပေးမှာပါ။ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန်ပဲ ပြုလုပ်အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး သင့်အနေနဲ့ App တစ်ခုကို ဒေါင်းလုဒ်ပြုလုပ်ရမှာဖြစ်ပြီး အလွယ်တကူပဲ ရှာတွေ့နိုင်မှာပါ။ သင့်အနေနဲ့ PlayStore ကနေ Capboard Camera လို့ရှာဖွေပြီး ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ ပြီးသွားရင် အရင်ဆုံး Capboard Camera App ကိုဖွင့်ပြီး ရိုက်လိုတဲ့ ၃၆၀ ဒီဂရီရိုက်လိုတဲ့ ဓာတ်ပုံကို ရိုက်ကူးရမှာပါ။ ဒီပုံမှာပြထားတဲ့အတိုင်း ညာဘက်အောက်နားလေးက ကင်မရာပုံစံ icon လေးကို နှိပ်ပြီး ရိုက်ကူးရမှာပါ။

ဒေါင်လိုက်ပဲရိုက်ကူးလို့ရမှာဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း ညာဘက်ကိုဆွဲပြီး ရိုက်ကူးမယ်ဆိုရင် ညာဘက်နားကို ဖြည်းဖြည်းချင်းဆွဲပြီး ရိုက်ကူးသွားရမှာပါ။ တစ်ပတ်ပြည့်သွားရင် သင့်အနေနဲ့ ရိုက်ကူးမှုပြီးဆုံးသွားပြီဖြစ်ပြီး ပုံကိုပြင်ဆင်ဖို့အတွက် ခနစောင့်ရမှာပါ။ ပြီးရင်တော့ သင့်အနေနဲ့ ပုံကိုရရှိပြီဖြစ်ပါတယ်။ ဒါဆိုရင် ဓာတ်ပုံရိုက်တဲ့အပိုင်းပြီးသွားပြီဖြစ်ပြီး Facebook ပေါ်မှာ တင်ဖို့ပဲလိုပါတော့တယ်။ တင်မယ်ဆိုရင်တော့အရင်လို ပို့စ်ထဲဓာတ်ပုံသွင်းသလိုပဲ ဓာတ်ပုံတင်တဲ့ကင်မရာကို Gallary ထဲမှာ ထိပ်ဆုံးကနေ ပေါ်နေတဲ့ ခုနက ၃၆၀ဒီဂရီပုံကို နှိပ်ပြီးတင်လိုက်ရုံပါပဲ။ တက်သွားပြီဆိုရင်တော့ ပတ်ပတ်လည်ကို လှည့်လည်ပြီး ကြည့်ရှုနိုင်ပါပြီ။ ကဲသင့်အနေနဲ့ အလွယ်တကူပဲ Facebook ပေါ်မှာ ရှုခင်းပုံတွေ၊ အဆောက်အဦပုံတွေ စတဲ့ပုံတွေကို တင်ရင်း သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ပါပြီ။

ဒီနည်းကတော့ လွယ်ကူလျင်မြန်ပြီး အသုံးဝင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။ ၃၆၀ ဒီဂရီအပြည့်အဝ ပေါ်နိုင်တဲ့ Google က Camera နဲ့ ရိုက်လို့ရပေမယ့် ရိုက်ကူးတဲ့ နည်းလမ်းကို ထပ်မံထည့်သွင်းရဦးမှာဖြစ်တာကြောင့် လွယ်ကူတဲ့ နည်းလမ်းပဲ တင်ပေးလိုက်ပါတယ်။ ထပ်မံလိုအပ်လို့ သိချင်သေးတယ်ဆိုရင်တော့ Comment မှာရေးသားထားခဲ့နိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီ Article ကသင့်အတွက်အသုံးဝင်ခဲ့တယ်ဆိုရင် သူငယ်ချင်းတွေကို မျှဝေပြီး သူငယ်ချင်းတွေကို ဗဟုသုတတွေ ဖြန့်ဝေနိုင်ပါပြီ။

DigitalTimes.com.mm : https://m.facebook.com/story.php…

Credit : mayoneyinponepyinmat/



Follow us on