1. Home
  2. Special or Others

အမျိုးသားတစ်ဦးကို အမျိုးသမီး သုံးဦးက ၀ိုင်းဝန်းအဓမ္မပြုကျင့်

Special or Others ก.ค. 13, 2559 view 1,997

ဇင်ဘာဘွေနိုင်ငံ အနောက်တောင်ပိုင်း ဘူလာဝါယိုမြို့ တွင် ကားကြုံစီးသည့် အမျိုးသားတစ်ဦးကို အမျိုးသမီး သုံးဦးက အဓမ္မပြုကျင့်ကာ ယောက်ျားသုတ်ပိုးရယူသည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ အဆိုပါအမျိုးသမီး ၃ ဦးသည် တိုယိုတာ ခရက်စ်တာကားကို စီးလာကြပြီး ဘူလာဝါယိုမြို့ ၊ အမှတ် ၆ ရိပ်သာလမ်းပေါ်တွင် လမ်းကြုံကားစီးလိုသည့် အမျိုးသားတစ်ဦးကို ခေါ်ဆောင်ခဲ့ကြသည်။ ယင်းနေရာသည် ကားကြုံစီးခွင့်မရှိသော နေရာဖြစ်သည်။ ယင်းအမျိုးသမီး ၃ ဦးသည် အမျိုးသားလမ်းကြုံလိုက်လိုသော နေရာသို့ မောင်းနှင်ခြင်းမရှိဘဲ လမ်းကြောင်းပြောင်းခဲ့ပြီး လမ်းဘေးတစ်နေရာတွင်ရပ်ကာ အဓမ္မပြုကျင့်ခဲ့ကြသည်။ အခင်းဖြစ်ချိန်တွင် အမျိုးသမီးတစ်ဦးသာ ကွန်ဒုံးအသုံးပြုခဲ့ပြီး ကျန်နှစ်ဦးမှာ အကာအကွယ်မရှိဘဲ ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက် သုတ်ပိုးရယူကာ အဆိုပါအမျိုးသားကို လမ်းဘေးတွင်ချထားခဲ့ကြသည်။

ယခုအခါ ရဲတပ်ဖွဲ့က ယင်းအမျိုးသမီးသုံးဦးကို ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်းရှာဖွေလျက်ရှိကြသည်။ အဘယ်ကြောင့် သုတ်ပိုးရယူကြသည်ကိုမူ မသိရသေးချေ။ သို့ရာတွင် ကံကောင်းစေရန်အတွက် ကျင်းပလေ့ရှိသော အာဖရိကရိုးရာ ဂျူဂျူပွဲတော်တွင် သုတ်ပိုးအသုံးပြုကြရသည်ဟုဆိုသည်။ ယခုကဲ့သို့ မှုခင်းမျိုးမှာ အာဖရိကတွင် ပထမဆုံးအကြိမ်ဖြစ်ပွားခြင်း မဟုတ်ချေ။ ၂၀၁၁ ခုနှစ်အတွင်းကလည်း အမျိုးသမီးသုံးဦးကို အမျိုးသားသုတ်ရည်များပြည့်နှက်နေသည့် ကွန်ဒုံး ၃၁ ခုဖြင့် ဖမ်းဆီးရမိဖူးသည်။

 



Follow us on