1. Home
  2. Myanmar News

အာဇာနည်နေ့တွင် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥသြဆွဲရန် သမ္မတရုံးထုတ်ပြန်

Myanmar News ก.ค. 13, 2559 view 1,531

၆၉ နှစ်မြောက် အာဇာနည်နေ့မှာ နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူဖို့နဲ့ ဥသြဆွဲဖို့ နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၁၃ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတ၀န်းလုံး တိုင်ဝက် လွှင့်ထူဖို့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနကနေ ဥသြဆွဲအချက်ပေးဖို့ ထုတ်ပြန်လိုက်တာပါ။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ သွားလာနေတဲ့ မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေဖို့နဲ့ အောက်ခြေ အဖွဲ့အစည်းအဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားဖို့ နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာန အားလုံးကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Credit : http://burmese.dvb.no/



Follow us on