1. Home
  2. Special or Others

သွားဆေးကုသမှုခံယူခဲ့ရတဲ့ ကျားတစ်ကောင်

Special or Others ก.ค. 13, 2559 view 1,619

သွားနာမှုကြောင့် ဒေါသထွက်နေတဲ့ ကျားတစ်ကောင်ကိုတော့ သွားဆရာဝန်တစ်ယောက်နဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ဆေးကုသမှုပြုလုပ်ပေးခဲ့ရပါတယ်။ ခံတွင်းဝေဒနာဟာ အတော်လေးဆိုးဝါးနေတာကြောင့် သွားအမြစ်ကို ခွဲထုတ်ပြီး ကုသမှုပေးခဲ့ရတယ်လို့ သိရပါတယ်။ ငါးလက်မအရှည်ရှိတဲ့ သွားတစ်ချောင်းကို ကုသပေးရတာမခက်ပေမယ့်လည်း ကုသပေးနေရတဲ့ လူနာက လူမဟုတ်ဘဲ ဒေါသထွက်လွယ်တဲ့ ကျားတစ်ကောင်ဖြစ်နေတာကြောင့် သွားဆရာဝန်ကတော့ သူ့အတွက် အိပ်မက်ဆိုးတွေ မက်နေရသလိုပဲလို့ ပြောပါတယ်။

ကျားအိမ်ထဲကို တိရစ္ဆာန်ရုံဝန်ထမ်းတွေနဲ့အတူ ဝင်ရောက်ခဲ့တဲ့ သွားဆရာဝန်ကတော့ သူဟာ လူအပြင် တစ်ခြားတိရစ္ဆာန်တွေကိုပါ သွားဆေးကုသမှုပေးခဲ့ပေမယ့်လည်း ဒီလောက်ကြီးတဲ့ သားရဲကြီးတစ်ကောင်ကိုတော့ တစ်ခါမှ ဆေးကုသမှုမပေးခဲ့ဖူးလို့ ပြောပါတယ်။ ဒီကျားမကြီးကတော့ ဘလက်ပူးလ်တိရစ္ဆာန်ရုံမှာ ရှိနေတဲ့ ရှားပါး Amur ကျားမျိုးစိတ်ထဲကဖြစ်ပြီး အကောင်ရေ ၃၆၀ လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဒီကျားမကြီးကတော့ ကျားသားပေါက်လေးနှစ်ကောင်ကိုလည်း မွေးဖွားပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Credit : knowledge.thithtoolwin.com/



Follow us on