၂၀၁၀ ခုနှစ်က Liam Hemsworth ပါဝင်သရုပ်ဆောင်ထားသော “The Last Song” ရုပ်ရှင်ကား အရောင်းမြှင့်တင်ရေး လုပ်နေစဉ် Vegemite သည် ၎င်း၏ အကြိုက်ဆုံး အစားအစာဖြစ် ကြောင်း ပြောကြားခဲ့ဘူးပါတယ်
အသက် ၂၃ နှစ်အရွယ် Miley Cyrus ဟာ လော့စ်အိန်ဂျလိစ်အခြေစိုက် Shamrock Social ကလပ်၏ တက်တူးပညာရှင် ဒေါက်တာဝူနှင့်အတူ ဘယ်ဘက်လက်မောင်းတွင် တက်တူး ထိုးခဲ့ခြင်းဖြစ်ပြီး သီတင်းပတ်ကုန်တွင် ၀ူက ၎င်း၏ အင်စတာဂရမ်အကောင့်မှတစ်ဆင့် Miley တက်တူးအသစ်ကို မျှဝေခဲ့ခြင်း ဖြစ်သည်။
Liam Hemsworth နှင့် Miley တို့ နှစ်ဦးသည် ဒီဇင်ဘာလက ၎င်းတို့နှစ်ဦး၏ ပြတ်လိုက်ဆက်လိုက် ဖြစ်နေသော ဆက်ဆံရေးကို ပြန်လည် ပေါင်းစည်းခဲ့ပြီး မတ်လ မှာ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြု ပြောကြားခဲ့ပါတယ်။
Liam Hemsworth နှင့် Miley Cyrus တို့ နှစ်ဦးဟာ ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့သော “The Last Song” ရုပ်ရှင်ကားတွေ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ နွေရာသီကုန်တွင် သြစတြေးလျ ကမ်းခြေတွင် လက်ထပ်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့သည်။
Credit:mizzima