
သင်တန်းကို ဇူလိုင်လ (၁၃) ရက်နေ့တွင် စတင်ဖွင့်လိုက်ပြီး တစ်ပတ်ကို သုံးရက်သင်ပေးမှာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။ သင်တန်းတွင် daily make up၊ natural make up၊ detail make up တို့ကို သင်ပေးသွားမှာ ဖြစ်ပြီး သင်တန်းကြေး ကိုတော့ သုံးရက်ကို ခုနှစ်သောင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

သင်တန်းကို ဇူလိုင်(၁၃) ရက် ဗုဒ္ဓဟူးနေ့ (၁၀)နာရီ မှာစတင်ခဲ့ပြီး မိတ်ကပ်ပစ္စည်းတွေလည်း ယူလာလို့ရသလို သူမကလည်း ပြင်ဆင်ထားပေးတယ် လို့ ဆိုပါတယ်။ သင်တန်းကို သျှားထွဋ်အိန္ဒြာကိုယ်တိုင် သင်ပေးမှာ ဖြစ်ပြီး သင်တန်းကတော့ ရေကျော်လမ်းမှာ ရှိတဲ့ အိမ်နံပါတ် ၂၅ မြေညီထပ်တွင် ဖွင့်လှစ်တာဖြစ်ပါတယ်။ ရုံးသမား ၊ ကျောင်းသမား တွေအတွက်လဲ စနေ ၊တနင်္ဂနွေတန်းတွေ ထပ်ဖွင့်ပေးသွားအုံးမယ်လို့ သိရပါတယ်။
.jpg)
Credit:Duwun
comment