X Factor ဒိုင်ဟောင်း rita ora နဲ့ ဖော်မြူလာဝမ်းချန်ပီယံ lewis Hamilton တို့ ရေကစားရင်း ကျီဆယ်နေကြတဲ့ ပုံနဲ့ ဗီဒီယိုဖိုင် ထွက်လာပြီးတဲ့နောက် ဝင်ဘယ်လ်ဒန်ချန်ပီယံ ဆရီနာဝီလျံနဲ့ lewis်တို့ရဲ့ ပူးတွဲပါတီကို Rita တက်ရောက်ခဲ့ပါတယ်။
လန်ဒန်မြို့ရှိ Café Royal မှာ ကျင်းပတဲ့ ပါတီကို လက်ဝှေ့သမား အတန်သိုနီဂျိုရွှာ၊ အဆိုတော်တွေဖြစ်တဲ့ အီလီဂေါက်ဒင်း၊ ဂျက်စ်ဂလင်းနဲ့ အမ်မီလီဆန်းဒေး၊ ရက်ပါ တင်နီတမ်ပါနဲ့ ဆရီနာရဲ့အစ်မ ဗီးနက်စ်တို့ အပါအဝင် ဆယ်လီတွေ တက်ရောက်ခဲ့ပါတယ်။
British Grand Prix မှာ ချန်ပီယံဖြစ်ခဲ့တဲ့ လူးဝစ်ရဲ့ ပွဲကို ရီတာအိုရာက အစောကြီးကတည်းက ရောက်ရှိနေခဲ့ပြီး ပါတီအပြီးမှာ လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ ရီတာရဲ့အိမ်ကို အတူထွက်သွားတယ်လို့ ယူဆရပါတယ်။ အသက် ၂၅ နှစ်အရွယ် ရီတာအိုရာနဲ့ အသက် ၃၁ နှစ်ရှိ လူးဝစ် နှစ်ယောက်စလုံးဟာ ဆယ်လီအတော်များများနဲ့ တွဲဖူးသူတွေပါ။
lewis ရဲ့ ချစ်ဇာတ်လမ်းတွေထဲမှာ X Factor ဒိုင်အဖွဲ့ထဲမှာ Rita ရဲ့နေရာကို အစားထိုး ရောက်လာတဲ့ နီကိုးရှာဇင်ဂါနဲ့ အလေးနက်ဆုံး တွဲခဲ့ဖူးပြီး ၇ နှစ်လောက် ကွဲလိုက်ဆက်လိုက်ဖြစ်ပြီးတဲ့နောက် မနှစ်ကမှ သူတို့ဇာတ်လမ်း လုံးဝ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ လူးဝစ်ဟာ ရီဟားနားနဲ့လည်း ငြိခဲ့ဖူးသလို နောက်ဆုံးတွဲခဲ့တာက စူပါမော်ဒယ် ဘာဘရာပယ်လ်ဗင် ဖြစ်ပါတယ်။ ရီတာအိုရာကတော့ ဒီဂျေ ကယ်ဗင်ဟားရစ်နဲ့ တစ်နှစ်လောက် တွဲဖူးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကွဲသွားခဲ့ပါတယ်။ အဲဒီနောက် နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ တွမ်မီဟဲဖစ်ဂါရဲ့သား ရစ်ကီနဲ့ ခဏတွဲခဲ့ပါတယ်။
Credit:Duwun