1. Home
  2. Movie Stars - Celebrity

Rolls Royce ကားသစ်ကြီးရလို့ ပျော်နေတဲ့ kate moss

Movie Stars - Celebrity ก.ค. 15, 2559 view 1,535

စူပါမော်ဒယ် kate moss ဟာ သူမထက်ငယ်တဲ့ ချစ်သူ Nikolai von Bismarck နဲ့ ၂၆၅,၁၅၅ ပေါင်တန် အနက်ရောင် Rolls Royce Dawn ကားကို အတူစီးသွားတာ မြင်တွေ့လိုက်ရပါတယ်။

မော်ဒယ်လောကရဲ့ ဘုရင်မ Kate Moss ဟာ ကားသစ်ရတဲ့အတွက် ပျော်နေပြီး ကလေးတစ်ယောက် သကြားလုံးဆိုင်ထဲရောက်သလို ပျော်နေပါတယ်။ Kate Moss က ခင်ပွန်းဟောင်း ဂီတသမား ဂျေမီဟင့်စ်နဲ့ ကွဲပြီးတဲ့နောက် နီကိုလိုင်နဲ့ တွဲခဲ့တာဖြစ်ပါတယ်။

ကားသစ်ကို ချစ်သူနဲ့အတူ မောင်းကြည့်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကိတ်ဟာ ကားအကောင်းစားတွေနဲ့ စိမ်းသူမဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက သူမရဲ့ အသက် ၄၀ ပြည့်မွေးနေ့ အမှတ်တရအဖြစ် ၁၉၇၀ ပြည့်နှစ်များ အစောပိုင်းက ထုတ်တဲ့ Porshce 911 ကားတစ်စီး ဝယ်ခဲ့ပါသေးတယ်။

Credit:Duwun



Follow us on