1. Home
  2. Movie Stars - Celebrity

အချစ်သစ်နဲ့တွေ့ခဲ့ ရတဲ့ Demi Lovato

Movie Stars - Celebrity ก.ค. 20, 2559 view 1,554

Wilmer နဲ့ လမ်းခွဲပြီး ၁ လကျော်အကြာမှာ အဆိုတော် Demi အချစ်သစ်တွေ့ခဲ့သေးတယ်လို့ သိရပါတယ်။ MMA လက်ဝှေ့သမား Guilherme Bomba Vasconcelos နဲ့ Demi တို့ ပတ်သတ်ခဲ့ကြပြီး ခပ်မြန်မြန်ပဲကွဲသွားကြတယ်လို့ အတွင်းလူတွေက ပြောကြားကြောင်း People သတင်းမှာ ရေးသားထားပါသေး တယ်။

ပြီးခဲ့တဲ့လအတွင်းမှာပဲ Demi နဲ့ Bomba တို့အတူရိုက်ထားတဲ့ ဆယ်ဖီပုံကို တွေ့ခဲ့ရပါသေးတယ်။ Bomba ရဲ့လက်ဝှေ့ပွဲစဉ်တွေကို လဲ သွားရောက်အားပေးခဲ့ပါတယ်။ ခုတော့ Demi က သူမရဲ့ဖျော်ဖြေရေးတွေနဲ့ပဲ အလုပ်များနေပြီး တစ်ကိုယ်တော်ဖြစ်နေပါတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

" ကျွန်မဘဝက ကျွန်မအတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မကပိုပြီးရင့်ကျက်ကြီးပြင်းလာရလို့လေ၊ အဲ့တာက သစ်လွင်လန်းဆန်းတယ်၊ လွတ်လပ်မှုကို ခံစားနေရတယ်" လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

Demi ဟာသရုပ်ဆောင် Wilmer နဲ့ ၆ နှစ်ကြာတွဲလာတဲ့ ဇွန်လ ၃ ရက်နေ့ကလမ်းခွဲ လိုက်ကြောင်းကို တွစ်တာပေါ်မှာထုတ်ပြောခဲ့ပြီး သူငယ်ချင်းလိုပဲနေတော့မယ်လို့ နှစ်ယောက်လုံးကပြောကြားခဲ့ပါတယ်။

ရည်းစားဟောင်း Wilmer

Credit:Duwun 



Follow us on