1. Home
  2. Movie Stars - Celebrity

တစ်ယောက်ထဲမဟုတ်တော့တဲ့ calvin harris

Movie Stars - Celebrity ก.ค. 20, 2559 view 1,580

စကော့ DJ သမား calvin harris ဟာ Taylor နဲ့ပြတ်သွားပြီးနောက်ပိုင်း အဆိုတော်မလေးတစ်ယောက်နဲ့ အတည်ဖြစ်သွားပြီလို့ သတင်းတွေထွက်လာခဲ့ ပါတယ်။

Page Six သတင်းမှာ ဖော်ပြချက်အရ calvin harris နဲ့ အသက် ၂၃ အရွယ် အဆိုတော်လေး tinashe တို့ဟာ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက ပုံမှန်တွေ့ဆုံနေကြတယ်လို့ သိရပါတယ်။

calvin harris နဲ့ tinashe တို့ဟာ ၂၀၁၄ ခုနှစ်က Dollar Signs သီချင်းမှာ အတူတွဲသီဆိုခဲ့ကြဖူးပါတယ်။

ခုတော့ ချစ်သူတွေဖြစ်သွားကြပြီး တစ်ယောက်နဲ့တစ်ယောက် အမြဲမပြတ်ဆက်သွယ်နေကြကာ လူမြင်ကွင်းမှာ တရားဝင်တွဲသွားနေကြပြီလို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စနေနေ့ကလည်း မာလီဘူးက Nobu စားသောက်ဆိုင်မှာ သူတို့နှစ်ဦးကို အတူတွေ့ခဲ့ရသူတွေလည်း ရှိပါတယ်။

Tinashe

Credit:Duwun 



Follow us on