1. Home
  2. Special or Others

၁၂ နာရီ ကြာ၍ အကြိမ် ၁၀၀၀၀ ကျော် မိုးကြိုးပစ်ခဲ့သည့် ဟောင်ကောင်မိုးကြိုးမုန်တိုင်း

Special or Others ก.ค. 20, 2559 view 1,650

ဟောင်ကောင်တွင် ပြီးခဲ့သည့်အားလပ်ရက်က မိုးကြိုးမုန်တိုင်း တိုက်ခတ်ခဲ့ရာတွင် အကြိမ်ပေါင်း ၁၀၀၀၀ ကျော် မိုးကြိုးပစ်ခတ်မှုများ ရှိခဲ့သည်ဟု သိရသည်။ ၁၉၆၈ ခုနှစ်တွင် အပူချိန် ၃၇ ဒီဂရီစင်တီ ဂရိတ်သို့ရောက်ရှိကာ အပူဆုံးစံချိန်တင်ခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်တွင် ပထမဆုံးအကြိမ် မိုးကြိုးမုန်တိုင်းတိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်လေ့လာစောင့် ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ဟောင်ကောင်မြို့၏ ကောင်းကင်ယံ၌ လျှပ်စီးကြောင်းများ ဖြစ်ပေါ်နေပုံကို ဗီဒီယိုရိုက်ကူး ထားနိုင်ခဲ့သည်။ အာဏာပိုင်များက မိုးကြိုးမုန်တိုင်းအတွက် သတိပေးချက်များ ထုတ်ပြန်ထားခဲ့ပြီး ဒေသခံများကိုလည်း အိမ်ပြင်မထွက်ရန် တိုက်တွန်းနှိုးဆော်ထားခဲ့သည်။

မြို့၏အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး မိုးရေချိန်လက်မ ၃၀ မီလီမီတာကျော်ရှိခဲ့သည်။ မိုးကြိုးမုန်တိုင်းတိုက်ခတ်စဉ်တွင် မိုးကြိုးပစ်သည့် အကြိမ်အရေအတွက်မှာများပြားခဲ့ပြီး ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် အကြိမ်ပေါင်း ၉၉၆၆ ကြိမ် မိုးကြိုးပစ်ခတ်ခဲ့သောစံချိန်ကို ကျော်လွန်သွားခဲ့သည်။ အပူ ချိန်မြင့်မားလွန်းသောကြောင့် မိုးကြိုးမုန်တိုင်းတိုက်ခတ်ခြင်းဖြစ်ပြီး မြေပြင်မှထွက်လာသည့် ပူနွေးသောလေများကြောင့် လေထုအပေါ် ပိုင်းတွင်မတည်ငြိမ်တော့ဘဲ မိုးရွာသွန်းမှုနှင့် မိုးကြိုးပစ်ခတ်မှုများ ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု သိရသည်။

Credit : mayoneyinponepyinmat/



Follow us on