1. Home
  2. Special or Others

အလယ်တန်းမအောင်ခဲ့သူ တစ်နှစ်အတွင်း ၀င်ငွေသန်းချီရတဲ့ ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့

Special or Others ก.ค. 21, 2559 view 1,582

အလယ်တန်းအဆင့်တောင် မအောင်ဘဲ ကျောင်းထွက်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဟာ တစ်နှစ်အတွင်း ၀င်ငွေသန်းချီရှိတဲ့ ဖက်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်နိုင်ခဲ့ပါတယ်။ ဗစ်တိုးရီးယားဟာ သမီးငယ် အစ္စဘယ်လာကို မွေးပြီးတော့ (၅)လအကြာမှာ Want That Trend လို့ အမည်ရတဲ့ အွန်လိုင်းဖက်ရှင်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကပါ။ အွန်လိုင်းဖက်ရှင်လုပ်ငန်း စလုပ်လုပ်ချင်း သီတင်းပတ်တစ်ပတ်အတွင်းမှာ အ၀တ်အစား မှာယူမှု နည်းနည်းပဲ ရှိမယ်လို့ ထင်ခဲ့ပေမယ့် သူ့ရဲ့ဖက်ရှင်ဆိုင်ဟာ ခဏချင်းအတွင်းမှာပဲ အရမ်းအလုပ်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ တစ်နေ့ကို အ၀တ်အစားမှာယူမှု ၂၀၀၀ အထိ ရှိနေပြီလို့ သိရပါတယ်။ သူဟာ အလုပ်သမား ၂၂ ဦးကို အလုပ်အကိုင် ဖန်တီးပေးထားနိုင်ပါတယ်။ ဗစ်တိုးရီးယားဟာ အွန်လိုင်းဖက်ရှင်ဆိုင် စမဖွင့်ခင်တုန်းက ဖက်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလုံးဝမရှိခဲ့ပါဘူး။

သူဟာ call center ကနေ အလုပ်ထွက်ပြီး အွန်လိုင်းဖက်ရှင်ဆိုင်ဖွင့်ခဲ့တာပါ။ သူ့မိခင်နဲ့ သူ့ခင်ပွန်းက call center ကနေ အလုပ်ထွက်လို့ သူ့အပေါ် တစ်မျိုးမြင်ခဲ့ကြပေမယ့် သူ့ဖက်ရှင်လုပ်ငန်းက အချိန်တိုအတွင်း မိုးပျံဂီယာထိုးလိုက်သလို အောင်မြင်မှုရခဲ့လို့ ဗစ်တိုးရီးယား အလုပ်ထွက်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုခဲ့ရပါတယ်။ သူ ကိုယ်တိုင် ငွေကြေးကြပ်တည်းသူတစ်ဦးဖြစ်လို့ ဗစ်တိုးရီးယားဟာ အမျိုးသမီးတွေအတွက် ဈေးသက်သက်သာသာနဲ့ စတိုင်ကျပြီး ၀တ်လို့ကောင်းတဲ့ အ၀တ်အစားတွေ ချုပ်လုပ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဗစ်တိုးရီးယားဟာ ခန္ဓာကိုယ်အတိုင်းအတာ ၁၀ ကနေ ၁၂ အရွယ်အစားရှိသူဖြစ်ပြီး သူရဲ့ ဖက်ရှင်ကုမ္ပဏီက ထုတ်လုပ်တဲ့ အ၀တ်အစားအားလုံးကို မော်ဒယ်အဖြစ် ၀တ်ဆင်ပြခဲ့ပါတယ်။ သူရဲ့ ဖက်ရှင်ကုမ္ပဏီက ခန္ဓာကိုယ်အတိုင်းအတာ ၈ ကနေ ၂၄ အရွယ်အစားအထိ အ၀တ်အစားတွေ ထုတ်လုပ်ပြီး ဆိုက်ဒ် ၃၀ အထိ ထပ်ထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ကိုယ်တိုင် မော်ဒယ်လုပ်ပြီး အ၀တ်အစားတွေ ကြော်ငြာခဲ့တဲ့ ဗစ်တိုးရီးယားဟာ လအနည်းငယ်အတွင်း အင်စတာဂရမ် စာမျက်နှာမှာ Follower ၄၈၀၀၀ ရခဲ့ပြီး ဖေ့ဘွတ်မှာတော့ LIke ၁.၂ သန်းရခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့ ဖက်ရှင်ကုမ္ပဏီက ပထမဆုံး တစ်နှစ်အတွင်း ပေါင် ၇ သန်း ၀င်ငွေရှိခဲ့ပြီး လာမယ့်နှစ်မှာ ၀င်ငွေ ပေါင် ၁၀ သန်းရဖို့ ဗစ်တိုးရီးယားက မျှော်လင့်နေပါတယ်။ ဗစ်တိုးရီးယားဟာ မိခင်နဲ့ သမီးဖြစ်သူ ဆင်တူဝတ်ဆင်နိုင်မယ့် အ၀တ်အစား ပုံစံသစ်တစ်မျိုးလည်း ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဗစ်တိုးရီးယားဟာ ဗြိတိန်နိုင်ငံ ချက်ရှိုင်းယားစီရင်စုမှာ နေထိုင်သူပါ။

Ref: http://www.dailymail.co.uk/…/Mother-27-left-school-NO-GCSEs…

Credit : mayoneyinponepyinmat/



Follow us on