မန္တလေးတိုင်း မေမြို့ နဝရတ်လမ်းနှင့် ရတနာ လမ်းကြား ရတနာလမ်းသွယ် ( ၁ ) ပန်ဒိုရာ အဆီချ လုပ်ငန်း ပိုင်ရှင် ဒေါ်တင်နွယ်မောင် မှ ပလောင်မ ( ခ ) မဝင်းဝင်းမော် ကို ၆လပိုင်း လကုန်ဖို့ ၃ ရက် အလိုမှာ ည ၁၂ နာရီ မှာ မီးပူတိုက်နေ ချိန်မှာ ရှေ့ဆံပင်ကို ကိုက်ဖြတ် လို့ဆိုပြီး ပါးကို ဘယ်ညာ အချက် ၄၀ ရိုက်ပြီး ဆောင့်တွန်းချ ရာခါးနာသွားပါတယ်။ နောက်နေ့နံက် ၉ နာရီ မှာ မဂ္ဂဇင်း စာအုပ်ယူဖတ်လို့ဆိုပြီး ပါးကို အချက်ပေါင်း ၃၀ ထပ်မံအရိုက်ခံရပါတယ် ။
မြန်မာစကားကို လိတ်ပတ်လည်အောင် မပြောတတ်သော ပလောင်တိုင်းရင်သူလေးဟာ (၂၃ . ၇ . ၂၀၁၆ ) က မန္တလေး ၆၃ လမ်း ၂၇ x၂၈ ကြား ရှိ ပန်ဒိုရာ အဆီချလုပ်ငန်း သို့ ပစ္စည်းများ သိမ်း ခိုင်းရာမှ ထွက်ပြေး လွတ်မြောက်လာချင်းဖြစ်ပါတယ် ။ ပလောင်းမလေးဟာ အိမ်သာ ရေဘာ မပိတ်လို့ဆိုပြီး အိမ်သာပေါ်မှာ အတက်မခံဘဲ ပလပ်စတစ် အိုးတလုံး ဝယ်ပြီး ပါခဲ့ရပါတယ် တဲ့ ။
Credit : thithtoolwin.com/