1. Home
  2. Special or Others

လမ်းမပေါ်မှာအရှက်ကင်းမဲ့နေတဲ့စုံတွဲ

Special or Others ก.ค. 26, 2559 view 1,696

ဘီလာရုစ်နိုင်ငံရဲ့ လမ်းမတစ်နေရာမှာ အတွဲတစ်တွဲဟာ နေ့ခင်းကြောင်တောင်အချိန်ကြီးမှာတောင် အရှက်မရှိ လိင်ဆက်ဆံနေခဲ့တာကို ခရီးသွားတစ်ယောက်က ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီစုံတွဲဟာ Minsk မြို့ကလို့ ယူဆရပြီး အိမ်ကနေ အပြင်ကို လျှောက်လည်ရင်း မြို့နဲ့မနီးမဝေးလမ်းမကြီးကို ရောက်လာခဲ့ပုံ ရှိပါတယ်။

အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံထဲမှာ အမျိုးသားဟာ Nike အင်္ကျီလက်ရှည်ကို ၀တ်ဆင်ထားပြီး ၎င်းရဲ့ဘောင်းဘီဟာလည်း ခြေရင်းအထိ ကျွတ်ကျနေခဲ့ပါတယ်။ မနီးမဝေးမှာလည်း ကားနှစ်စင်းကို တွေ့ရပြီး ၎င်းတို့ရဲ့ ကားဟုတ်မ ဟုတ်ကိုတော့ ဓာတ်ပုံရိုက်ကူးသူက အတည်ပြုထားခြင်း မရှိပါဘူး။

ဘီလာရုစ်တာဝန်ရှိသူတွေဟာ အဲဒီအတွဲကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း dailymail.com မှာ ဖော်ပြထားပါတယ်။ဒီဓာတ်ပုံနဲ့ပတ်သက်လို့ လူတစ်ယောက်က ” ဒါကတော့ Sukharevo မှာ အကြီးအကျယ်ဆုံး ဓာတ်ပုံပါဘဲ … “လို့ မှတ်ချက်ရေးခဲ့ပါတယ်။ နေ့ခင်းကြောင်တောင် ပြည်သူပိုင်လမ်းမမှာ လိင်ဆက်ဆံခဲ့တဲ့ အဲဒီစုံတွဲအနေနဲ့တော့ ကြီးမားတဲ့ ဒဏ်ငွေ၊ သို့မဟုတ် ပြစ်ဒဏ်တစ်ခုခု ကျခံရဖို့ သေချာသလောက် ရှိနေပါတယ်လို့ သိရပါတယ် ။

Credit:Shwemom



Follow us on