1. Home
  2. Myanmar News

ပန်းဆိုးတန်း ဂုံးကျော်တံတားပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး

Myanmar News ก.ค. 26, 2559 view 1,550

ယနေ့ ၂၅.၇.၂၀၁၆ ညနေ ၆ နာရီခန့်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်း ဂုံးကျော်တံတားပေါ်မှ ရန်ကုန်ဘူတာကြီး မြန်မာ့မီးရထားတွဲပြင် ရန်ကုန်အလုပ်ရုံ ဝင်းအတွင်းသို့ လူတစ်ဦးပြုတ်ကျသေဆုံး ခဲ့ကြောင်း သိရပါသည်။ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ သေဆုံးသူသည် အရက်သောက်သုံးထားပြီး ဂုံးကျော်တံတားဘောင်သို့ ကျောမီထားစဉ် နောက်သို့လန်ကျ၍ ပြုတ်ကျခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူအား တွေ့ရှိစဉ်တွင် ဖိနပ်တစ်ဘက် စီးလျက်ရှိပြီး ကျန်တစ်ဘက်မှာ မလှမ်းမကမ်းတွင်ရှိသည်၊ မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ အခင်းဖြစ်ပွားပုံနှင့်ဆက်စပ်သော သတင်းဓာတ်ပုံများကို လေ့လာကြည့်ရှုနိုင်ရန်တင်ပြထားပါသည်။

Credit : thithtoolwin.com/



Follow us on