1. Home
  2. Myanmar News

VIVO စမတ်ဖုန်းကုမ္ပဏီ (ပြည်ရုံးခွဲ) အလုပ်ရှင် အလုပ်သမား ရပိုင်ခွင့်ကိစ္စများ ညှိုနှိုင်းမှုအဆင်မပြေသောကြောင့် ၀န်ထမ်းများ ရုံးရှေ့တွင် ယာယီထိုင်သပိတ်ပြုလုပ်

Myanmar News ก.ค. 26, 2559 view 1,784

Vivo စမတ်ဖုန်းကုမ္ပဏီ ပြည်ရုံးခွဲတွင် ယနေ့ဇူလိုင်လ(၂၅)ရက်နေ့မနက် အလုပ်ရှင်အလုပ်သမားအစည်းအဝေးတွင် စာချုပ်ချုပ်ခိုင်းရာမှ လစာနည်းပါးခြင်း ပိတ်ရက်များမရရှိခြင်းနှင့် ဖိအားပေးစာချုပ်ချုပ်ဆိုခြင်းတို့ကြောင့် ထပ်မံညှိုနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့သဖြင့် ညပိုင်းတွင် ဝန်ထမ်းများက ယာယီထိုင်သပိတ်ကို ကုမ္ပဏီရုံးရှေ့တွင် ပြုလုပ်လျှက်ရှိကြောင်းသိရသည်။ အလုပ်ရှင်အလုပ်သမားကိစ္စ အဆင်ပြေအောင်ညှိနှိုင်းပေးမှု မရှိခြင်း၊ အဆိုပါကိစ္စအား ပြည်ခရိုင်အလုပ်သမားရုံးသို့ သွားရောက်တင်ပြမှုများပြုလုပ်ခဲ့သော်လည်း ဖြေရှင်းပေးခြင်းမျိုးမရှိခြင်း စသည့်အချက်များကြောင့် ညလုံးပေါက်ထိုင်စောင့်သွားမည်ဖြစ်ကြောင်း ဝန်ထမ်းများကပြောဆိုသည်။

လက်ရှိ ပြည်တာဝန်ခံမှာ နိုင်ငံခြားသားဖြစ်ပြီး တရားဝင်နေထိုင်းရှိမရှိကိုလည်း လ.၀.ကဌာနမှစစ်ဆေးခြင်း၊ စည်ပင်ဌာနမှ လုပ်ငန်းလိုင်စဉ်စစ်ဆေးခြင်း ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခြင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်မှ လာရောက်တွေ့ဆုံခြင်းများပြုလုပ်ခဲ့သည်။

Credit : mayoneyinponepyinmat/



Follow us on