1. Home
  2. Special or Others

ကုန်း၊ ရေ နှစ်သွယ် ပျံသန်းသွားလာနိုင်သည့် ကမ္ဘာ့အကြီးဆုံး လေယာဉ်ကို တရုတ်တို့ ထုတ်ဖော်ပြသ

Special or Others ก.ค. 26, 2559 view 1,545

ဇူလိုင် ၂၅ ။ ။ ကုန်းပေါ်၊ ရေပေါ် နှစ်မျိုးစလုံးတွင် ပျံသန်းသွားလာနိုင်မည့် ကမ္ဘာ့အကြီးဆုံးဖြစ်သော လေယာဉ်ကြီးကို တရုတ်တို့ ထုတ်လုပ်နိုင်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြသည်။ လေယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြား ကုမ္မဏီများပေါ်တွင်သာ အလွန်အမင်းမှီခိုနေရမှုကို လျှော့ချနိုင်ရန်လုပ်ဆောင်နေသည့် တရုတ်အစိုးရ၏ နောက်ဆုံးပေါ် အားထုတ်ကြိုးပမ်းမှုပင်ဖြစ်သည်။ AG600 ဟု အမည်ပေးထားသော အဆိုပါ လေယာဉ်သစ်ကို နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း AVIC က ဇူလိုင်လ ၂၃ ရက်က နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကျူဟိုင်တွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

အများဆုံးအကွာအဝေး ကီလိုမီတာ ၄,၅၀၀ (မိုင် ၂,၈၀၀) ပျံသန်းနိုင်မည်ဖြစ်သော အဆိုပါလေယာဉ်ကို တောမီးငြိမ်းသတ်မှုလုပ်ငန်းများနှင့် ပင်လယ်ရေကြောင်း ကယ်ဆယ်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် တရုတ်အစိုးရက ရည်ရွယ်ထားသည်။ ဘိုးအင်း ၇၃၇ လေယာဉ်အရွယ်အစားခန့် ရှိသော ယခုလေယာဉ်ကြီးသည် ရေပြင်မှ ဆင်းတက်နိုင်ရန် တည်ဆောက်ထားသော ယခင်အခြားလေယာဉ်များထက် ပိုမိုကြီးမားကြောင်း ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြသည်။

ပြည်တွင်းဈေးကွက်အတွက်သာ ရည်ရွယ်ထုတ်လုပ်ထားသော ယခု လေယာဉ်သည် ပင်လယ်ရေကြောင်း အရင်းအမြစ်များကို ဖော်ထုတ်အသုံးချမှုပိုင်းတွင် လွန်စွာအသုံးဝင်နိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။

Credit : http://mizzimaburmese.com/



Follow us on