1. Home
  2. Special or Others

ဆယ်ဖီစတစ်ကြောင့် အသက်ဘေးကလွတ်ခဲ့သူ

Special or Others ก.ค. 26, 2559 view 1,713

ဆယ်ဖီရိုက်ရာကနေ အသက်ဆုံးရှုံးတဲ့ သတင်းတွေကြားခဲ့ရပြီးသားဖြစ်မှာပါ။ သတင်းတစ်ရပ်မှာတော့ ဆယ်ဖီရိုက်ရာကနေ သေဆုံးခဲ့သူ အရေအတွက်က ငါးမန်းကိုက်လို့ သေဆုံးသူ အရေအတွက်ထက် ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုဖြစ်ရပ်မှာတော့ ဆယ်ဖီရိုက်တဲ့ တုတ်တံကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က အသက် ၁၆နှစ်အရွယ် လှပျိုဖြီူရန်ဂျွန်ဆင်ဟာ သူ့မိဘနှစ်ဦးနဲ့အတူ မက်ဆာချူးဆက် ပြည်နယ် နန်တူကက်ကမ်းခြေမှာ ရေကစားနေရင်း ဆွဲချရေစီးကြောင်း(riptide)ကြောင့် လှိုင်းထန်သွားပြီး ရေနစ်ခဲ့ပါတယ်။ သူဟာ ကမ်းခြေမှာ ရေကစားဖို့ ဆင်းလာကတည်းက လှိုင်းတွေကို ဓာတ်ပုံရိုက်ဖို့ ဆယ်ဖီတုတ်တံ ယူလာခဲ့ပြီး ရေနစ်နေချိန်မှာ ဆယ်ဖီတုတ်တံကို ဆွဲဆွဲမြဲမြဲ ကိုင်ထားခဲ့ပါတယ်။

သူ ရေနစ်နေချိန်မှာ ဖခင်ဖြစ်သူ ဒါးရစ်ဂျွန်ဆင်က သူ့သမီး ရေထဲနစ်မသွားစေဖို့ ဆယ်ဖီတုတ်တံ အစွန်းတစ်ဖက်ကို လှမ်းကိုင်ထားပြီး အပေါ်ကို ပင့်မြှောက်ထားခဲ့ပါတယ်။ သူတို့ သားအမိ၊ သားအဖတွေ အခက်အခဲကြုံရတာကို သိသွားလို့ ကမ်းခြေကလူတွေက အပြေးအလွှားလာကယ်ခဲ့ကြပြီး သူတို့မိသားစု သုံးယောက်လုံး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တစ်ခုလုံးကို အီရန်ဂျွန်ဆင်ရဲ့ကင်မရာမှာ မှတ်တမ်းတင်ပြီးသားဖြစ်ခဲ့ပါတယ်။

Credit : mayoneyinponepyinmat/



Follow us on