တောင်တရုတ်ပင်လယ်မှာ ကမ္ဘာ့အနက်ဆုံး ရေအောက်တွင်းနက်ကြီးတစ်ခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အဆိုပါ တွင်းနက်ကြီးကို တွေ့ရှိကြောင်း တရုတ်နိုင်ငံက ဇူလိုင် ၂၂ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပြီး တွင်းရဲ့ အနက်ဟာ ၉၈၇ ပေရှိပါတယ်။
ဒါဟာ ယခင်က ဘဟားမားကျွန်းစုမှာ တွေ့ထားတဲ့ တွင်းနက်ကြီးထက် ပေသုံးရာ ပိုနက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အဆိုပါ တွင်းနက်ကြီးကို နဂါးတွင်းလို့ အမည်ပေးထားပါတယ်။ ကမ္ဘာ့တစ်ဝန်းက သမုဒ္ဒရာနဲ့ ပင်လယ်ပြင်တွေမှာ တွင်းနက်ကြီးပေါင်း မြောက်များစွာရှိပြီး အခုနဂါးတွင်းဟာ လူသားတွေ နောက်ဆုံးတွေ့ရှိထားတဲ့ အနက်ဆုံး တွင်းနက်ကြီး တစ်တွင်း ဖြစ်ပါတယ်။
Credit : mayoneyinponepyinmat/