1. Home
  2. Special or Others

ပလတ်စတစ်ဘူးတွေ ထည့်လိုက်ရင် ဖုန်းကာဗာ ပြန်ထွက်လာမယ့်စက်

Special or Others ก.ค. 27, 2559 view 1,700

အသုံးပြုပြီးသား ရေသန့်ဗူးတွေအပါအဝင် ပလတ်စတစ်ဘူးတွေကို ဖုန်းကာဗာအဖြစ်ပြောင်းလဲပေးနိုင်မယ့် စက်တစ်မျိုးကို အထက်တန်းကျောင်းသားတစ်စုက တီထွင်လိုက်ပါတယ်။ အဆိုပါစက်ထဲကို ပလတ်စတစ်ဘူး ထည့်လိုက်တဲ့အခါ ပလတ်စတစ်ကို ဖုန်းကာဗာအဖြစ်ပြန်ထုတ်ပေးမယ့် 3D ပရင့်တာ စက်ဖြစ်ပြီး အီတလီနိုင်ငံက ကျောင်းသားတစ်စုက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

စက်ရဲ့ပုံစံဟာ သာမန်လမ်းဘေး အရောင်းစက်ပုံစံမျိုး ဖြစ်ပြီး ပိုက်ဆံထည့်ရမယ့်အစား ပလတ်စတစ်ဗူးထည့်ရတာဖြစ်ပါတယ်။ စက်ရဲ့ နာမည်ဟာ MyProAction ဖြစ်ပြီး လူငယ်အများစုရှိရာ ကျောင်းတွေနဲ့အခြားနေရာတွေမှာ လူကြိုက်များလာနိုင်တယ်လို့ သိရပါတယ်။

Credit : mayoneyinponepyinmat/



Follow us on