1. Home
  2. Special or Others

အိမ်ထောင်သက်တမ်း နှစ် ၈၀ ရောက်မှ မင်္ဂလာဓာတ်ပုံရိုက်ခွင့်ရတဲ့ ဘိုးဘွားမောင်နှံ

Special or Others ก.ค. 28, 2559 view 1,610

နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့ကြတဲ့ တရုတ်ဘိုးဘွားမောင်နှံရဲ့အိပ်မက်တွေဟာ အသက် ၁၀၀ အရောက်မှာ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ မျှော်လင့်ချက်နည်းပါးသွားတဲ့အချိန်မှာ ခုလိုလက်တွေ့ဖြစ်လာခဲ့ခြင်းက သူတို့နှစ်ယောက်အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ပီတိပါပဲ။ တရုတ်နိုင်ငံ ဟန်းဟိုင်ပြည်နယ်က ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်ကတည်းက လက်ထပ်ခဲ့ကြတာပါ။ အဘိုး ဆောင်ကျင်းလင်က အသက် ၁၀၂ နှစ်၊ အဘွား ဆောင်လိရှီက ၉၉ နှစ် ရှိပါပြီ။ ၁၉၃၆ ခုနှစ်မှာ လက်ထပ်ခဲ့စဉ်က ဆင်းရဲလွန်းလို့ မင်္ဂလာပွဲကျင်းပတာတောင် ပန်းကန် ၃ ချပ်စာပဲ တည်ခင်းကျွေးမွေးနိုင်ခဲ့ကြသူတွေပါ။

သားသမီး ၆ ယောက်၊ မြေး ၅ ယောက်နဲ့ မြစ် ၄ ယောက်တောင် ထွန်းကားခဲ့ပြီး တစ်အိမ်တည်းမှာ အတူနေကြပြီး မင်္ဂလာဓာတ်ပုံရိုက်ကူးဖို့အစီအစဉ်ကိုတော့ အကောင်အထည်မဖော်ဖြစ်ကြတော့ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာနဲ့ လက်တွဲကြလာချိန်ဟာ နှစ်ပေါင်း ၈၀ ရောက်လာချိန်မှာတော့ ပရဟိတလူငယ်တွေရဲ့ အစီအစဉ်နဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို ကျင်းပခွင့်ရခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က ပရဟိတလူငယ်တွေဟာ ဘိုးဘွားမောင်နှံကို ကိုယ်လက်သန့်စင်ပေးတာ၊ ဆံပင်ညှပ်ပေးတာတွေ ပြုလုပ်ပေးခဲ့တဲ့အပြင် မင်္ဂလာဓာတ်ပုံကိုလည်း ရိုက်ကူးပေးခဲ့ကြပါတယ်။

Credit : mayoneyinponepyinmat/



Follow us on