1. Home
  2. Special or Others

သမီးကိုရိုက်နှက်နေတာကို Facebook ပေါ်မှာLive Videoတင်ခဲ့လို့ဝေဖန်ခံရတဲ့ မိခင်

Special or Others ก.ค. 28, 2559 view 1,727

ချစ်သူနဲ့ လိင်ဆက်ဆံခဲ့တယ်လို့ ယူဆခြင်းခံရတဲ့ ဆယ်ကျော်သက်သမီးကို အမေဖြစ်သူက ရိုက်နှက်ဆုံးမခဲ့ပါ တယ်။ အဲဒါကို အမေဖြစ်သူရဲ့ လက်တွဲဖော်က ဗွီဒီယိုရိုက်ကူးထားပြီး သမီးကိုအပြစ်ပေးတဲ့အနေနဲ့ Facebook ပေါ်ကို အဲဒီဗွီဒီယို တင်ခဲ့ပါတယ်။ သူမရဲ့ သမီးဖြစ်သူဟာ ၎င်းတို့လက်ရှိနေထိုင်တဲ့ အိမ်မှာ ရည်းစားကိုခေါ်ပြီး လိင်ဆက်ဆံခဲ့တယ်လို့ အမေဖြစ်သူက ယုံ ကြည်နေခဲ့ပါတယ်။

 သမီးကို ဆုံးမဖို့ လက်ထဲမှာ သစ်သားပါးပါး အပြားတစ်ခုကို ကိုင်ထားပြီး ပြောဆိုဆုံးမရင်း ရိုက်ခဲ့ပါတယ်။ အဲဒီနောက် သမီးဖြစ်သူဟာ အခြားအခန်းတစ်ခုကို ကူးသွားလို့ ဗွီဒီယိုရိုက်ကူးသူကို အဲဒီအခန်းထဲထိ လိုက်ရိုက်ဖို့ ခေါ်ခဲ့ပါတယ်။ နောက်ထပ် လက်နဲ့နှစ်ချက်သုံးချက်ခန့် မျက်နှာနဲ့ ခေါင်းတွေကို ရိုက်ခဲ့ပါတယ်။

သမီးဖြစ်သူမှာ ကြောက်ရွံ့စွာနဲ့ အခန်း ထောင့်ကွေးမှာ ရပ်နေရှာပါတယ်။ အဲဒီဗွီဒီယိုဖိုင်မှာ အမေဖြစ်သူက ” ကျွန်မသမီးကို ကျွန်မ ချစ်ပါတယ် … ဒါပေမယ့် ကျွန်မအပေါ်မှာတော့ မလေးမစား လုပ်ဖို့ သူ့ကိုရော တစ်ခြားသူတွေကိုပါ ခွင့်မပြုနိုင်ဘူး “ဆိုတဲ့ စာနဲ့အတူ တွဲပြီး တင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ဗွီဒီယိုအောက်မှာ အချို့ဟာ ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ ၀င်ရောက်ဆဲရေးခဲ့ကြပါတယ်။ တစ်ချို့ကတော့ ဒါဟာ ကလေးသူငယ် အကြမ်းဖက်မှုဖြစ်လို့ ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် အမေဖြစ်သူကတော့ ” သူက ကျွန်မသမီးပါ .. သင်ခန်းစာပေးစရာရှိတာကိုတော့ ပေးရမှာပါဘဲ “လို့ တုန့်ပြန်ခဲ့ပါတယ်။

Credit:Shwemom



Follow us on