1. Home
  2. Special or Others

တက်တူးက ကင်ဆာဖြစ်စေကြောင်း ထုတ်ပြန်

Special or Others ก.ค. 28, 2559 view 2,468

European Chemicals Agency ကနေပြီးတော့ ထုတ်ပြန်တဲ့ စာတမ်းအရ တက်တူးမှာ ပါဝင်တဲ့ ဓာဓုဓာတ်များဟာ ကင်ဆာရောဂါဖြစ်ပွားစေကြောင်း ဆိုပါတယ်။ ယင်း စာတမ်းဟာ တက်တူးထိုးတဲ့အခါ ပါဝင်တဲ့ Chemical များကို ဓာတ်ခွဲခန်းမှာ ခွဲပြီးတော့ စာရင်းပြန်ထုတ်ခြင်း ဖြစ်ပါတယ်။ ယင်း စာရင်းအရ ပါဝင်တဲ့ Chemical တွေဟာဆိုရင် Blood stream ထဲ စီးဝင်သွားရင် ကျောက်ကပ် နဲ့ အခြားသော ကိုယ်တွင်း အစိတ်အပိုင်းများကို ရောက်နိုင်တာကြောင့် အဆိုးရွားဆုံး အနေနဲ့ ကင်ဆာဖြစ်စေကြောင်း ဆိုပါတယ်။ နှစ်ပေါင်းများစွာ တက်တူးထိုးနေသူများ အနေနဲ့ မဖြစ်ကြဘူးလားဆိုတော့ ကင်ဆာ ဆဲလ် အနည်းအများပေါ်မှာသာ မူတည်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

အချှို့က ကင်ဆာ ဆဲလ်နည်းပြီး ကိုယ်ခံအားလည်း ကောင်းတာကြောင့် သေသွားတဲ့အထိ ကင်ဆာ လက္ခဏာ မပြပဲ ကုန်ဆုံးသွားကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် နောက်ပိုင်းဟာ လူသားတွေဟာ ဓာတ်များအပေါ် immune ဖြစ်မှုအား နည်းလာပြီး တဖြည်းဖြည်း ရောဂါ ဝေဒနာကို ရရှိရန် လွယ်ကူစေကြောင်း ဆိုပါတယ်။ တက်တူးမှာ ပါတဲ့ ဆေးများက carcinogenic, mutagenic သို့မဟုတ် reproductive toxic effect များကို ဖြစ်စေကြောင်း ဆိုပါတယ်။ အနည်းဆုံးအားဖြင့် ယားယံခြင်း၊ ဓာတ်မတည့် အရေပြား ရောဂါဖြစ်ခြင်းတို့သာ ဖြစ်ကြ ပါတယ်။

ယနေ့ နာမည်ကြီး Celebrity များ ထိုးနေတဲ့ တက်တူးမှာ ပါတဲ့ ဓာဓု ဓာတ်တွေကြောင့် ကင်ဆာရောဂါဖြစ်ပွားရန် တွန်းအားပေးတဲ့ ဓာတ်များလည်း ပါဝင်နေတာဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ အနေနဲ့ ဘုရားပွဲမှာ ထိုးတဲ့ တက်တူးများမှာ သုံးတဲ့ ဆေးတွေဆိုရင် ပိုလို့တောင် စိုးရိမ်ရချေ များပါတယ်။ တက်တူးယဉ်ကျေးမှုဟာ ကမ္ဘာတစ်ဝန်း ပိုမိုလို့ ထွန်းကားနေပြီး ဗြိတိန်လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ တက်တူး ရှိပါတယ်။ ဗြိတိန်ရှိ လူငယ် ၃ ဦးမှာ ၁ ဦးဟာလည်း တက်တူး ရှိကြောင်း စစ်တမ်းအရ ဆိုထားပါတယ်။

Credit : yoyarlay.com



Follow us on