1. Home
  2. Special or Others

ထူးထူးဆန်းဆန်း ခွေးနို့စွဲနေတဲ့ကောင်လေး

Special or Others ก.ค. 29, 2559 view 1,587

သူ့နာမည်ကတော့ မိုဟစ်ကူးမားဖြစ်ပြီး အိန္ဒိယနိုင်ငံ Manaitand က ၁၀နှစ် အရွယ်ကောင်လေး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ခွေးတွေဆီက နို့ကိုအမြဲလိုက်လံစို့နေတတ်သူ တစ်ဦးဖြစ်ပါတယ်။ မိဘတွေကတော့ ဒီအကျင့်ဆိုးကြီးကို ရပ်တန့်ဖို့တားကြပေမယ့် ဘယ်လိုမှ တားလို့မရတဲ့အတွက် ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။အောက်က ဗီဒီယိုဖိုင်မှာတော့ မိုဟစ်ဟာတွေ့သမျှ ခွေးအမတွေရဲ့ နို့တွေကိုလိုက်လံစို့နေတာ မြင်ကြရမှာပါ။ ကူးမားဟာ ၂နှစ်အရွယ်အထိ ပုံမှန်ကလေးတစ်ဦးဖြစ်ပေမယ့် ၄နှစ်အရွယ်မှာတော့ ထူးဆန်းတဲ့ ဒီအကျင့်ဟာ ပေါ်လာခဲ့ပါတယ်။

ခွေးတွေနဲ့ကစားလေ့ရှိရာကနေ ခွေးတွေရဲ့နို့တွေကို စို့တတ်သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ အဲဒီနေရာတစ်ဝိုက်က ခွေးတွေကလည်း မိုဟစ်ကို အလွန်ချစ်ခင်ကြပြီး မိုဟစ်စို့ချင်တိုင်း တိုက်လေ့ရှိတယ် လို့ ဆိုပါတယ်။ မိဘတွေကတော့ ဆိုးရွားတဲ့ဒီကျင့် နဲ့ ခွေးတွေဆီက ရောဂါကူးစက်မှာ စိုးတဲ့အတွက် မိုဟစ်ကိုကျောင်းတောင်မထားတော့ပဲ အမြဲစောင့်ကျပ်ကြည့်ရှု့နေရပါတယ်။

ဒါပေမယ့် လစ်ပြီဆိုတာနဲ့ မိုဟစ်ဟာ ခိုးထွက်သွားပြီး ခွေးနို့ကို စို့မြဲ စို့လျှက်ရှိပါတယ်။ မိဘဖြစ်သူတွေဟာ မိုဟစ်ကို ဆေးရုံဆီခေါ်လာပြီး ကျောက်ရောဂါလို ကာကွယ်ဆေးတွေ ထိုးပေးခဲ့ပေမယ့် သူ့ရဲ့ဒီအကျင့်ဆိုးကို ဖျောက်ဖို့တော့ မတတ်နိုင်ခဲ့ပါဘူး။ ဆရာဝန်တစ်ဦးဖြစ်တဲ့ D K Singh ကတော့ “ဒါဟာပုံမမှန်တဲ့အကျင့်တစ်ခုသာဖြစ်ပြီး လူကို ဒုက္ခမပေးနိုင်ပါဘူး၊ ဒါပေမယ့် ခွေးရူးရောဂါဖြစ်နေတဲ့ ခွေးတွေဆီကနေ ရောဂါကူးစက်မှာကိုတော့ အရမ်းစိုးရိမ်ရတယ်” လို့ ဆိုပါတယ်။

Credit : ayesay.com.mm/



Follow us on