1. Home
  2. Special or Others

ကယ်တင်ခံလိုက်ရပြီးနောက် တစ်ကောင်နဲ့တစ်ကောင်ကြင်နာမဆုံးတဲ့ လမ်းဘေးခွေးလေးများ

Special or Others ส.ค. 01, 2559 view 1,592

ခုတလော တရုတ်လူမှုကွန်ရက်တွေမှာ လူတွေရဲ့အသည်းနှလုံးကို သိမ်းပိုက်ထားတာကတော့ လမ်းဘေးခွေးငယ်လေးနှစ်ကောင်ပါ။ သူတို့ကို ဗုဒ္ဓဘာသာဝင် သီလရှင်တွေက ကောက်ယူမွေးမြူထားတာဖြစ်ပါတယ်။ သီလရှင်ကျောင်းထဲကိုရောက်လာတဲ့ ဒီခွေးလေးနှစ်ကောင်ရဲ့ အပြုအမူတွေကတော့ ရှာမှရှားပါပဲ။ အထူးသဖြင့် နည်းနည်းပိုကြီးတဲ့ခွေးရဲ့ အပြုအမူပါ။ သူ့ထက်ပိုငယ်တဲ့ အနက်ရောင်ခွေးပေါက်လေးကို ယုယုယယကြင်နာနေပုံကြောင့် သီလရှင်တွေလည်း အံ့သြနေကြရပါတယ်။

လက်မချစတမ်း ပွေ့ပိုက်ထားပုံကလည်း ကလေးငယ်ကိုထိန်းထားတာနဲ့တောင် တူနေပါသေးတယ်။ ခွေးနက်လေးကလည်း ဇင်ဗုဒ္ဓဘာသာဝင်တွေ ဝတ်ပြုသလို မတ်တပ်ရပ်နေပုံက ချစ်စရာကောင်းနေပြန်ပါတယ်။ ဒီခွေးလေးနှစ်ကောင်ရဲ့ ချစ်စရာဟန်ပန်တွေဟာ တရုတ်နိုင်ငံရဲ့ Weibo လူမှုကွန်ရက်မှာတော့ လူကြိုက်များကာ လက်ဆင့်ကမ်းမျှဝေသူ များပြားခဲ့တယ်လို့ သိရပါတယ်။

Credit : mayoneyinponepyinmat/



Follow us on