1. Home
  2. Movie Stars - Celebrity

မွေးနေ့မှာ ဇာအင်္ကျီပါးလေးနဲ့ လန်းနေတဲ့ Kylie Jenner

Movie Stars - Celebrity ส.ค. 02, 2559 view 1,670

အသက် ၁၉ နှစ်ပြည့်မွေးနေ့ရောက်ဖို့ ၁၀ ရက်လောက်လိုသေးပေမဲ့ မွေးနေ့ရောက်တဲ့အထိ kylie jenner ဟာ မစောင့်နိုင်တော့ပါဘူး။စူပါမော်ဒယ် Kendall Jenner ရဲ့ညီမငယ် Kylie ဟာ အတွင်းထိ ဖောက်ထွင်းမြင်နေရတဲ့ အနက်ရောင် တစ်ဆက်တည်းဝတ်စုံလေးနဲ့ West Hollywood က Nice Guy စားသောက်ဆိုင်မှာ မိသားစုနဲ့အတူ မွေးနေ့ ကျင်းပခဲ့ပါတယ်။

ဒီပွဲဟာ သူမရဲ့ မကြာသေးခင်က ထုတ်မယ်လို့ ကြေညာလိုက်တဲ့ မိတ်ကပ်ဘောက်စ်အသစ်အတွက် ဂုဏ်ပြုပွဲလည်း ဖြစ်ပါတယ်။

Kim Kardashian , Kourtney Kardashian , Khloé Kardashian တို့ကလည်း သူတို့ရဲ့ ညီမငယ်လေးရဲ့ ပွဲကို ဆံပင်ကေ အသစ်တွေနဲ့ တက်ရောက်လာကြပါတယ်။အခုတလော ပိုလှနေကြတဲ့ ညီအစ်မတစ်သိုက်ဟာ အခုလည်း တစ်ယောက်ကို ဆန်းသစ်လှပတဲ့ စတိုင်တစ်မျိုးဆီနဲ့ လန်းနေကြတာကို မြင်တွေ့ရပါတယ်။

Tyga , Kris Jenner , Corey Gamble , Hailey Baldwin တို့လဲ ပွဲကို လာကြတာ တွေ့ရပါတယ် ။

Kardashian ညီမ လေးဖော် 

ညီမ ဖြစ်သူမွေးနေ့ ကို အလန်းဆုံးဒီဇိုင်း နဲ့ လာတဲ့  Kendall Jenner 

Credit: Duwun



Follow us on