1. Home
  2. Special or Others

လူမှုကွန်ရက်ပေါ် သတင်းကြီးလာတဲ့ယောဂဆရာမ

Special or Others ส.ค. 02, 2559 view 1,566

အသက် ၂၃ နှစ်သာရှိသေးတဲ့ ဂရီတာဂရွန်ဒါဟ် (Greta Grondahl) ဟာ ကမ္ဘာပတ်ရိုက်ကူးထားတဲ့ သူ့ရဲ့အလှဓာတ်ပုံတွေနဲ့ Instagram မှာ လတ်တလောရေပန်းစားလာသူပါ။ သူဟာ ပင်လယ်ရေအောက်၊ ရေခဲတောင်၊ ကမ်းခြေ လို ထူးခြားလှပတဲ့ရှုခင်းတွေနဲ့ ပဲရစ်က အီဖဲလ်မျှော်စင်၊ ဆန်ဖရန်စစ္စကိုက Golden Gate တံတားလို ကမ္ဘာတစ်ဝန်းကအထင်ကရနေရာတွေမှာ ယောဂသရုပ်ပြဓာတ်ပုံတွေ ရိုက်ကူး ခဲ့ပြီး ရောက်ရာအရပ်မှာလည်း ယောဂသင်ခန်းစာတွေကို ပို့ချခဲ့ပါတယ်။

ဆွီဒင်လူမျိုး ဂရီတာဟာ အသက် ၁၃ နှစ်ကတည်းက ယောဂပညာနဲ့ ထိတွေ့ခဲ့ပြီး ၁၈ နှစ်မှာ သင်ခန်းစာတွေကို တစ်နေ့သုံးနာရီ နေ့တိုင်းလေ့ကျင့်နေပါပြီ။ သူက ယောဂကြောင့် သူ့ရဲ့ကိုယ် ၊စိတ်၊ နှလုံး သုံးခုလုံး ပိုခံနိုင်ရည်ရှိလာခဲ့ပြီး ဇွဲ၊ လုံ့လ၊ ၀ီရိယရှိရင် ဘာမဆိုဖြစ်နိုင်မှန်း သဘောပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာအနှံ့က သူလေ့ကျင့်ခဲ့တဲ့နေရာတွေထဲမှာ အမေဇုန်တောကတော့ သူ့အတွက်အဆင်ပြေဆုံးဖြစ်ခဲ့ပြီး လျှပ်စစ်မီးမသုံးဘဲ တစ်လလောက်နေခဲ့တယ်လို့လည်း ပြောပါသေးတယ်။ သူက ယောဂကြောင့် သူ့ဘ၀ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

Credit : mayoneyinponepyinmat/



Follow us on