1. Home
  2. Special or Others

စင်္ကာပူ SMU မှ အသိမှတ်ပြု ဂုဏ်ပြုဖော်ပြတဲ့ PhD ကျောင်းသူ မဆုမွန်ကြွယ်

Special or Others ส.ค. 02, 2559 view 1,603

စင်္ကာပူ SMU (Singapore Management University) ကျောင်းရဲ့ ဝဘ်ဆိုဒ်မှာ မဆုမွန်ကြွယ် အကြောင်းကို ဖော်ပြထားလို့ ထပ်ဆင့်ပြန်လည် ဖော်ပြလိုက်ရ ပါတယ်။ မစုမွန်ကြွယ်ဟာ SMU မှာ Information System ကို ဘွဲ့ဒီဂရီရရန်ကျောင်းတက်ခဲ့ပြီး ယခုတိုင်လည်း PhD တန်း တက်ရောက် ဆည်းပူး လေ့လာလျက် ရှိပါတယ်။ လက်ရှိမှာ SMU ရဲ့ Research Center မှာလည်း လုပ်ကိုင်လျက် ရှိပါတယ်။ မြန်မာပြည်ကနေ စင်္ကာပူ သွားရောက်လို့ ပညာသင်ခြင်း ဖြစ်ပါတယ်။ သူမဟာ Google, Android တို့ရဲ့ နည်းပညာ အားနည်းချက် အချို့ကို ရှာဖွေပေးနိုင်ခဲ့ပြီး Google ရဲ့ ဂုဏ်ပြု ဆုလက်ဆောင်များလည်း ရရှိခဲ့ပါတယ်။ အမေရိကန် တက္ကသိုလ်တစ်ခုမှလည်း ၁၀ လ ခေါ်ယူသင်ကြားမှု ရရှိခဲ့ပြီး အမေရိကန်ရဲ့ ထိပ်တန်း ဆီလီကွန်ဗယ်လီ နည်းပညာ မြို့မှာ ကုမ္ဗဏီပေါင်းမြောက်များစွာမှာ အလုပ်သင် လုပ်ကိုင်ပေးခဲ့ရပါသေးတယ်။ မ စုမွန်ကို SMU က White Hat Hacker တစ်ယောက်အဖြစ် ဂုဏ်ပြုဖော်ပြထားပါတယ်။

White Hat Hacker ဆိုတာ နည်းပညာကို ကောင်းကျိုးအတွက် ရည်ရွယ်ပြီးတော့ အားနည်းချက် ရှာဖွေဖော်ထုတ်ပေးရတဲ့အလုပ် ဖြစ်ပြီး ကမ္ဘာမှာ လူနည်းစုသာ လုပ်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်ချက်တွေဟာ ကမ္ဘာမှာ လူအနည်းငယ်သာ တွေ့ရှိ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်များ ဖြစ်တာကြောင့် သူမရဲ့ ပရော်ဖက်ဆာတွေတောင် သူ့ကို “ဟက်ကာ တစ်ယောက်နဲ့ လုံးဝမတူပါလား” လို့ မှတ်ချက်ပေးရသည်အထိ ဖြစ်ရပါတယ်။ သူမဟာ ပညာရေး၊ နည်းပညာမှာသာ ထူးချွန်ခြင်း မဟုတ်ပဲ အခြားဘက်စုံမှာလည်း သွက်လက်လုပ်ကိုင်နိုင်သူ ဖြစ်ပါတယ်။ ဘာလို့လဲဆို ၁၃ မိုင် မာရသွန်ကို သုံးကြိမ်တိတိ ပြေးခဲ့ပြီး ၄၂ ကီလိုမီတာ မာရသွန်ကိုလည်း ပြေးခဲ့ပြီး ဖြစ်ကြောင်း SMU ဝဘ်ဆိုဒ်မှ ဖော်ပြထားပါတယ်။ သူမဟာ ကျောင်းသာမပြီးသေးပေမယ့် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှ နည်းပညာ ကုမ္ဗဏီတစ်ခုမှ အလုပ်ကြိုတင် ခေါ်ထားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref: http://blog.smu.edu.sg/2016/08/01/a-phd-in-hacking/…

Credit : yoyarlay.com



Follow us on