1. Home
  2. Special or Others

အွန်လိုင်းချစ်သူကိုလေဆိပ်မှာ(၁၀)ရက်စောင့်နေခဲ့ပြီး ဆေးရုံရောက်သွားတဲ့ သူ

Special or Others ส.ค. 04, 2559 view 1,636

ဟော်လန်နိုင်ငံကြီးသားဖြစ်တဲ့ အသက်(၄၁)အရွယ် Alexander Pieter Cirk ဟာ အသက်(26)နှစ်အရွယ်ချစ်သူ တရုတ်မလေး Zhang နဲ့ အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ခဲ့ပြီး တွေ့ဖို့ အတွက် တရုတ်နိုင်ငံကို ရောက်လာခဲ့ပါတယ် ။

မိုင်ပေါင်းများစွာဝေးတဲ့ တရုတ်နိုင်ငံ၊ Changsha လေဆိပ်မှာ ချိန်းခဲ့ ကြပါတယ် ။ ဒါပေမယ့် တရုတ်မလေး Zhang ဟာ ပေါ်မလာခဲ့ပါဘူး။

တစ်ရက် … စောင့်လိုက်ပါသေးတယ် … သူ ထွက်လာဖို့အ ဆင်မပြေလို့ ဖြစ်မယ်။

နှစ်ရက် … သူ နေမကောင်းဖြစ်နေလို့ မလာသေးတာလား …။ ေ

လးရက် … လေဆိပ်နဲ့ သူ့အိမ် ဝေးလို့ထင်ပ။

ငါးရက် … မိဘတွေသိသွားလို့ … အပြင်ထွက်ဖို့ အခက်အခဲဖြစ်နေတာ များလား …။ ဒီလိုတွေးတောပြီး စောင့်လာခဲ့ တာ ခြောက်ရက် ခုနှစ်ရက်အထိ ပေါ်မလာတဲ့ ရက်စက်တဲ့ ချစ်သူကြောင့် မစားနိုင်မအိပ်နိုင် … အားပြတ်ပြီး လေးဆိပ်ထိုင်ခုံမှာ ဘုန်းဘုန်းလဲပါတော့တယ်။

Zhang ဟာ လုံးဝ အရိပ်အယောင် တောင် ပေါ်မလာ ခဲ့ပါဘူး ။ သူ့အခြေအနေကို သိတဲ့ Chinese TV channel Hunan ရုပ်သံလိုင်းက ချက်ချင်း လေဆိပ်ကိုရောက်လာပြီး သူ့ကို မေးသင့်တာတွေ မေးတယ်၊ စိတ်ပျက်လက်ပျက် ခရီးသည်နားနေဆောင်မှာ ရောဂါသည်ကြီးတစ်ယောက်လို ဖြစ်နေတဲ့ Cirk ကို ဓာတ်ပုံမှတ်တမ်းတွေ ယူတယ်။ မိန်းမလည်လေးရဲ့ ရက်စက်မှုကို ပုရိသတို့သင်္ခန်းစာယူနိုင်ဖို့ သတင်းအဖြစ် တင်ဆက်ပေးခဲ့ပြီး Cirk ကိုလည်း ရောက်ရှိလို့ ဆယ်ရက်မြောက်နေ့မှာ ဆေးရုံကိုပို့ဆောင်က ဆေးဝါးကုသမှုတွေ ကုသိုလ်ပြုခဲ့ပါ တယ်။

Cirk ဟာ Zhang ကို နောက်ဆုံးအကြိမ်ထိ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ် ။ Cirk ဟာလုံးစိတ်ဓာတ်ကျသွားပြီး ပိုက်တန်းလဲ ၀ှီးချဲနဲ့ ကို ဖြစ်သွားခဲ့ပါတယ် ။ Cirk ဟာ အခုတော့ အပြန်လေယာဉ်လက်မှတ်ဝယ်ပြီး ဟော်လန် ( သြဂုတ်လ 1 ရက်နေ့) လေယာဉ်နဲ့ ပြန်သွားခဲ့ပြီး ဖြစ်ပါတယ် ။ အွန်လိုင်း အချစ်တွေ မယုံရဘူးဆိုတာ ဒီလို အဖြစ်မျိုးကို ပြောတာ ဖြစ်မယ် တူပါတယ်။



Follow us on