
အိမ်ထောင်သက် လေးနှစ်ကြာသွားပြီ ဖြစ်တဲ့ charlie angels မင်းသမီးလေး Drew Barrymore နဲ့ Will Kopelman တို့ဟာ 2012 မှာ လက်ထပ်ဖြစ်ခဲ့ပြီး ကွာရှင်းမှုကို သြဂုတ် ၃ ရက်က အတည်ပြုပေးခဲ့ကြောင်း တရားရုံး မှတ်တမ်းများတွင် ဖော်ပြထားပါ တယ် ။
ကလေးနှစ်ယောက်အမေဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ်ရှိ Drew Barrymore နှင့် အသက် ၃၉ နှစ်အရွယ်ရှိ Will Kopelman တို့နှစ်ဦးဟာ မိတ်ဆွေသူငယ်ချင်းများအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်က စတင်တွဲခဲ့ခြင်း ဖြစ်သည် ။ “ကျွန်မတို့ ၀မ်းနည်းစွာနဲ့ပဲ တရားဝင် ကွာရှင်းလိုက်ပါပြီ။ ဒါပေမဲ့ ကွာရှင်းမှုနဲ့ ပတ်သက်လို့ ကျွန်မတို့ မိသားစုအဖြစ်ကနေ ကွာဝေးသွားတယ်လို့ မခံစားရပါဘူး” ”ကျွန်မတို့ရဲ့ သားသမီးတွေဟာ ကျွန်မတို့ရဲ့ ကမ္ဘာပါပဲ။ ကျွန်မတိုရဲ့ ကျန်ရှိနေတဲ့ ဘ၀ကို သားသမီးတွေနဲ့အတူ ရှင်သန်နေထိုင်သွားဖို့ မျှော်လင့်ထားပါတယ်” ဟု သူတို့ ဇနီးမောင် နှံက PEOPLE မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

Barrymore နှင့် Kopelman တို့တွင် အသက် ၃ နှစ်အရွယ် Olive နှင့် အသက် နှစ်နှစ်အရွယ် Frankie အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။
သမီး ၂ယောက်နာမည်ကို တက်တူးထိုးထားတဲ့ Barrymore
Credit:Mizzima
comment